ကျွန်တော်လဲ ဒေါသစိတ်ကြောင့် ထွက်လာလိုက်တာ အခုမှ တွေးမိတယ် ကျွန်တော်မှ ဟိုကောင်ကိုမသိတာ
အာ ဒုက္ခပဲစိတ်ရှုပ်တာနဲ့ ကျွန်တော်လဲ ကားကိုလမ်းဘေးတစ်နေရာချရပ်လိုက်သည်
"ဟာ ဘယ်လိုလုပ်ရင်ကောင်းမလဲ Babe ဆီပြန်သွားရင်ကောင်းမလား
မဖစ်ဘူး မဖစ်ဘူး ဒီကောင်ဆက်ရှိနေရင် Babe အတွက် အန္တရာယ်ပိုကြီးမယ် ငါ ဘာလုပ်ရမလဲ "
Wangyibo တစ်ယောက် တွေးရင်းတွေးရင်း အချိန်တွေက တစ်ရွေ့ရွေ့ ကုန်ဆုံးရင်း ကုန်ဆုံးကာ
နှစ်နာရီလောက် ထိုနေရာမှာ တင် ကုန်သွားခဲ့သည်" အား း း အကြံရပြီး Babe ကိုဒုက္ခရောက်အောင်လုပ်တဲ့ သူမှန်သမျှ ရိပေါ်လက်ထဲကနေ ပြေးမလွတ်နိုင်ပါဘူး ကွာ ဟားဟား "
Yibo လဲ တွေးရင်းတွေးရင်းနဲ့ အကြံရကာ ပီဇာဆိုင်ကို တန်းမောင်းလာခဲ့သည်
ဆိုင်ထဲ ရောက်တော့ ဆိုင်ရဲ့managerနဲ့ တွေ့ကာ ဆိုင်ရဲ့ CCTV အားလုံးကိုပေးကြည့်ဖို့တောင်းဆိုခဲ့သည်
manager လဲ ရစ်တီရစ်တီ လုပ်နေတော့ ပိုက်ဆံကိုသာ ပုံပေးလိုက်တော့ ချက်ချင်းဆိုသလို ကျွန်တော့်ကို CCTV ကနေ အကုန်မြင်ရတဲ့အခန်းဆီ ခေါ်သွားလေသည်
" ကျွန်တော့်ကို မနက်10ဝန်းကျင်လောက်က အချိန်တွေဆီ ပြန်ရစ်ပေးပါ "
"ဒီနားလား "
" ရပ်ရပ် အဲ့နားပဲ "
CCTV ထဲမှာ Babe Toilet သွားပြီး ခဏကြာတော့ ဦးထုပ်ငိုက်စိုက်ဆောင်းထားတဲ့ လူတစ်ယောက် toilet ထဲကိုဝင်သွားခဲ့သည်
Toilet ထဲမှာတော့ CCTV မှတ်တမ်းမရှိသောကြောင့် မမြင်လိုက်ရပေ သို့ပေမဲ့ ထိုအချိန်မှာ ထိုလူနဲ့ Babe ကလွဲ toilet ဝင်သူမရှိ ပြီးတော့ Babe ပြန်မထွက်လာခင်မှာ လည်း ထိုလူပဲ အရင်ပြန်ထွက်လာခဲ့သည်
ဦးထုပ်ငိုက်ဆိုက် ဆောင်းထားတဲ့ အတွက် သူ့ရဲ့မျက်နှာကိုသေသေချာချာမမြင်ရပေ
ကျွန်တော် ထိုလူရဲ့ နေရာကို ထပ်ခါထပ်ခါ ပြန်ပေးရစ်ကာ
အခေါက်ပေါက်များစွာ ကြည့်တော့လည်း ဘာမထူး
YOU ARE READING
My Author (complete)
Fanfictionသင်ဟာ အင်နိုးစန့်  လေးဆိုရင် ဒီ Fic ကိုကျော်သွားပါ🌚🌚🌚❌❌❌