part-4

13.1K 681 66
                                    

   ကျွန်တော်လဲ ရေချိုးခန်းထဲရောက်တော့ ရိပေါ်ကိုပြီးဆုံးအောင်လုပ်ပေးခဲ့ ရတဲ့ လက်ကိုသာပြန်ကြည့်နေမိတယ်  သူ့ရဲ့အရည်တွေလဲ လက်ထဲမှာပေကျံလျက် ရှိနေတုန်း
အခု ကျွန်တော်ငိုချင်သည် ဘာလို့လဲတော့ မသိဘူးဗျ့ 
ပေကျံနေတဲ့ လက်ကိုသာ အချိန်တစ်ခုထိ
ကျွန်တော်ကြည့်နေမိသည် မဆေးလိုက်ဘဲနဲ့ပေါ့ ခဏအကြာ တော့ အပြင်ကတံခါးခေါက်သံကြားသည်

" ဒေါက် ဒေါက် "

ကျွန်တော်အပြင်ပြန်မထွက်ချင်ပါ ရိပေါ်နဲ့လဲ မျက်နှာချင်းမဆိုင်ချင်ပါ ဒါက ရှက်နေတာလားဆိုတာ လဲ ကျွန်တော်မသိ

" အရှူပ်ထုပ်လေး မင်းဝင်သွားတာကြာနေပြီး ထွက်ခဲ့ပါဟာ ငါ
မင်းကိုတောင်းပန်ပါတယ် မရည်ရွယ်ပါဘူး ငါလေ ငါ့စိတ်ကိုငါမထိန်းနိုင်လို့ လုပ်မိလုပ်ရာလုပ်ခဲ့တာပါ ငါတောင်းပန်ပါတယ် ထွက်ခဲ့ပါ"

ရိပေါ်က ကျွန်တော့်ကိုအပြင်ကနေတောင်းပန်နေသည် ကျွန်တော်သူ့ကို စိတ်မဆိုးဘူး ဒါမဲ့မျက်နှာချင်းလဲ မဆိုင်ရဲဘူး

" အရှူပ်ထုပ်လေး ငါ့ကိုတစ်ခုခုပြန်ပြောပါအုန်း "

ကျွန်တော်လဲ အရှုပ်ထုပ်လေးကိုတောင်းပန်နေပေမဲ့ သူကအပြင်ကိုထွက်မလာပါ ဘယ်လိုလုပ်ရပါ့ မလဲ ကျွန်တော်တံခါးဖျက်ပြီးဝင်သွားရင်ကောင်းမလား အထဲမှာ တစ်ခုခုဖစ်နေလားမှမသိတာ မဟုတ်ရင်အရှုပ်ထုပ်လေးရဲ့ အမေကိုသွားခေါ်ရင်ကောင်းမလား
ကျွန်တော် တစ်ခုခုလုပ်ဖို့ စဉ်းစားနေတုန်း တံခါးကပွင့်လာတယ်

" ရိ ရိပေါ် ငါသွားအိပ်တော့မယ် မင်းကိုလဲ စိတ်မဆိုးပါဘူး "

တဲ့လေ ဘယ်လိုတွေတောင်ပြောလိုက်တာလဲ မျက်နှာတစ်ခုလုံးလဲ နီတာရဲလိုပဲ မဟုတ်မှလွဲ ရော ရှက်နေတာလား
မသိတော့ဘူး ဒါမဲ့ ချစ်ဖို့ကောင်းတယ်

" ကျေးဇူးတင်ပါတယ် မင်းငါ့ကိုစိတ်မဆိုးလို့ မင်းကုတင်ပေါ်မှာပဲအိပ်လိုက်လေ ငါခုံမှာအိပ်ပေးမယ် "

" ရတယ် မင်းကဧည့်သည်လေ ငါကအိမ်ရှင်ဆိုတော့ဧည့်ဝတ်ကျေရမှာပေါ့ ငါအိပ်တော့မယ် "

ကျွန်တော်လဲ ဘာမှဆက်မပြောတော့ဘဲ သူပြောသလိုသာလုပ်လိုက်တော့သည်
အပြင်မှာအခုချိန်မိုးတွေသည်းနေတာကို အခုမှသတိထားလိုက်မိသည် မိုးအေးအေးလေးနဲ့ အရှုပ်ထုပ်လေးက စောင်လဲမယူဘူး ချမ်းနေတော့မှာပဲ ဆိုတဲ့စိတ်နဲ့ စောင်ခြုံပေးလိုက်ပြီး ကျွန်တော်လဲ အိပ်စက်ခြင်းဆီသို့............

My Author (complete)Where stories live. Discover now