uni

14.2K 1.3K 369
                                    

ဒီလိုနဲ့ပဲ ကျွန်တော်နဲ့ Darling အဲ့ကျွန်းမှာပဲ နှစ်ညနေလိုက်ကြတယ် ဒါကတော့ ဘယ်လိုပြောရမလဲ ပေါ့ နော်
မသိရင် ညားခါစလင်လင်တွေ ဟန်းနီးမွန်းထွက်လာရသလိုပဲ
Darling က ကျွန်တော့်ကိုအရမ်းချစ်ပြနေတော့ ကျွန်တော့်မှာ ကြည်နူးလို့မဆုံး ထားပါတော့ လေ ဒါတွေကိုပြောပြနေလို့လဲ လင်မရှိတဲ့ အတန်းစားတွေက ခံစားတတ်မှာမဟုတ်ပါဘူး ပြောရင်း ကျွန်တော်တို့အိမ်ပြန်ဖို့ Darling ကစောင့်နေပြီး

" Babe ရေ ပြန်ကြမယ် "

" လာပြီး Darling "

ရိပေါ်ကတော့ ကားပေါ်နေ ရှောင်ကျန်းကိုလှမ်းခေါ်လိုက်တော့ ရှောင်ကျန်းမှာ အမြန်ပြေးလာခဲ့သည် ရိပေါ်ကတော့ ရှောင်ကျန်းသူ့ဆီ ပြေးလာပုံကို ကြည့်ပြီးပီတိတွေဖြာနေတော့သည်

" ဟောဟဲ မောလိုက်တာ "

" babe ရာဘာလို့ပြေး လာရတာလဲ ပြွတ်စ် ကိုယ့်ရဲ့အနမ်းကြောင့်အမောပြေစေ "

Darling ကကျွန်တော့်နှူတ်ခမ်းလေးကိုပြွတ်စ် ကနဲ နမ်းလိုက်တော့ ရင်ခုန်သံတွေက တစ်ဒုန်းဒုန်း

" ဟာ Darling နော်သိပ့်အသားယူတာပဲ "

" Babe ကလဲ ချစ်လို့ပါ လာကားပေါ်တက် ကိုယ်တို့ပြန်ကြမယ် "

" ဟုတ် Darling "

ကားပေါ်ရောက်တော့လဲ Darling က ကျွန်တော့်ကိုကားခါးပတ်လေး ပတ်ပေး ရင်း ကျွန်တော်နဲ့ ဒါလင် အကြည်တွေစိုက်နေတာကိုက နာရီဝက် ပေါ့ဗျာ

" aww ဒါနဲ့ babe ခုနတုန်းက ပင်လယ်ကိုကြည့်ပြီး ဘယ်သူ့အကြောင်းတွေးနေတာလဲ"

" အော် Darling ကလဲ Babe က ပင်လယ်ပြင်ကြီးကိုကြည့်ပြီး လင်မရှိအတန်းစားတွေ အကြောင်းတွေးနေတာ ဒီခရီးစဉ်ကလေ မသိရင် babe တို့ရဲ့ ဟန်းနီးမွန်းလိုပါပဲ ဆိုပြီး တွေးနေတာ
ဒါပေမဲ့လေ ဒါတွေကို လင်မရှိအတန်းစားတွေက နားလည်မှာမဟုတ်ဘူးလို့ အတွေးတွေ များသွားတာ ခ်ခ် "

ကျွန်တော့်babe လေးက အရမ်းပျော်နေတာထင်ပါရဲ့ ဗျာ
ရယ်သံလေးက အစ နားထင်မှာ စွဲထင်စေမဲ့ ရယ်သံလေးမျိုး
အစစ်မတွေနဲ့ ကွာပါ့

My Author (complete)Where stories live. Discover now