uni

5.6K 532 37
                                    

"Babe ပင်ပန်းနေပြီးလား   ကိုယ်လေးတော့နဲနဲနွေးနေသေးတယ် ကိုယ်ပြောတယ်မလား မလိုက်ခဲ့ပါနဲ့ဆို "

" ဘာမဖစ်ပါဘူး Darling ရဲ့ Babe လဲဒီအိမ်ကြီးအကြောင်းသိချင်လို့ပါ "

ခြံစောင့်အဖိုးဆီသွားဖို့ Babe ကိုပြောပြလိုက်တော့ သူလဲလိုက်ချင်ပါတယ်တဲ့ လေ နေမကောင်းလို့မလိုက်ပါနဲ့ဆိုလဲ မရ တစ်ကယ်ပြောရခက်တဲ့ Babe လေး 

" ကဲ မြေးလေးတို့ ပြန်ကြတော့လေ ညနေစောင်းနေပြီးမလား "

" ဟုတ်ကဲ့ အဖိုးကျွန်တော်တို့ပြန်တော့မှာပါ  "

ကျွန်တော်တို့လဲ အဖိုးကိုနှုတ်ဆက်ပြီး ပြန်လာခဲ့ကြသည်

" Babe အနွေးထည်ကိုလုံလုံခြုံခြုံဝတ်ထားနော် အေးနေမယ် "

" ဟုတ် Darling  "

ကျွန်တော်လဲ Darling ကမ်းပေးလာတဲ့ အနွေးထည်လေးကိုကောက်ဝတ်လိုက်ကာ

"Darling အမှန်တစ်ကယ်ဆို သရဲတွေဝိဉာဉ်တွေက ထင်ထားသလောက်လဲကြောက်ဖို့မကောင်းပါဘူးနော်  အဖိုးပြောပြတာကိုကြားပြီး Babe သူတို့ကိုသနားမိတယ် "

"  ဒါပေါ့ Babe ရဲ့ တစ်ချို့တွေကျ အကူညီတောင်းချင်လို့လူတွေကိုလိုက်ခြောက်နေပေမဲ့ တစ်ချို့တွေကျတော့လဲ လူတွေကိုသက်သက်လိုက်ပြီး ဒုက္ခပေး နေတဲ့ ဝိဉာဉ်တွေလဲ ရှိတာပေါ့ "

" Darling ဒါဆို ဝေ့ရင်းနဲ့လန်ကျန့်ကရော ဘယ်လိုဝိဉာဉ်မျိုးဖစ်မလဲဟင် "

" ကိုယ့်အထင်ကြည့်ရသလောက်တော့ သူတို့ကကိုယ်တို့ဆီက အကူညီလိုချင်နေပုံရတယ် "

" Darling ကဘယ်လိုလုပ်သိတာလဲ "

" ဟိုနေ့ညက Babe မှတ်မိသေးလား ကိုယ်တို့ ပေါင်ကြားကနေ ပြောင်းပြန်လှန်ပြီးကြည့်ခဲ့တာလေ အဲ့နေ့က ကိုယ်တွေ့ခဲ့တယ်"

"ဗျာ "

"ဟုတ်တယ် Babe ရဲ့ Babe ကြောက်မှာဆိုးလို့ ကိုယ်ဘာမပြောဘဲနေခဲ့တာ သူ့မျက်ဝန်းတွေထဲက ဝမ်းနည်းတဲ့ အရိပ်ယောင်တွေကိုတွေ့နေရတယ် "

" Darling   ရှိရင် Babe မကြောက်ပါဘူး " 

ဒီလိုနဲ့ ပြောရင်းဆိုရင်း အိမ်သို့ရောက်လာသည်  Darling ပြောတဲ့အတိုင်းဆို သူတို့အကူညီတောင်းခံချင်လို့လုပ်နေတာ ဖစ်ရမည် ကျွန်တော့် ခြေလှမ်းတွေ
အိမ်ထဲကို စလှမ်းလိုက်တာနဲ့ လူက အေးစိမ့်စိမ့်ဖစ်လာခဲ့သည် သူတို့အကြောင်းကိုကြားပြီးတော့ လူကအရင်ကလောက်မကြောက်ပေမဲ့ ကျက်သီးမွှေးညှင်းတွေက ထနေဆဲ

My Author (complete)Where stories live. Discover now