uni(⛔⛔🌚🌚🚫🚫)

15K 686 177
                                    

     ကျွန်တော်လဲ Babe နောက်ကိုလိုက်နေပေမဲ့  Babe ကမြန်လွန်းတော့ ဘယ်လိုမှလိုက်မမှီခဲ့ shoppingmall
ရှေ့ ရောက်တော့ Babe က Taxi ပေါ်တက်သွားတာကိုတွေ့လိုက်တော့ ကျွန်တော်လဲ ကားကို ယူကာ Taxi နောက်လိုက်ရတော့သည်

  Babe အထင်လွဲသွားပြီး ကျွန်တော့်ကိုမုန်းမှာကြောက်တဲ့စိတ်နဲ့ ကားကိုအရှိန်ကုန်မောင်းလာ ခဲ့သည်      Babe က သူ့အိမ်မရောက်ခင်ပဲ ကားပေါ်ကဆင်းလိုက်သည်
ကျွန်တော်လဲ ကားကိုရပ်ကာ Babe  နောက်ကိုပြေးလိုက်ရပြန်သည်

" Babe ကိုယ်ပြောတာနားထောင်ပါအုန်း Babe ထင်သလိုမဟုတ်ဘူး ကွာ Babe "

အခုချိန်မှာ Darling ပြောတာကို ကျွန်တော်ဆက်ပြီးနားမထောင်ချင်ပါ   ထွက်ပြေးလာမိသည် Darling ကလဲ အနောက်ကနေ ပြေးလိုက်လာသည်

" Babe အချစ်ဟာလိုက်လို့ပြေးသလား
အော် ပြေးလို့လိုက်တာလား
ယောင်ကုန်ပြီး အရေးထဲ
Babe  ကိုယ့်ကို ရှင်းပြခွင့်ပေးပါ "

ကျွန်တော့်ကို ရှင်းပြခွင့်တောင်မပေးတဲ့ Babe မိလို့ကတော့
အပစ်အကြီးကြီးပေးရမယ်

အိမ်ကိုမရောက်မချင်း တစ်ယောက်ကပြေးလိုက်တစ်ယောက်က လိုက်နဲ့ လူတွေကလဲ ကျွန်တော်တို့ကို အကုန်ဝိုင်းကြည့်နေကြသည်
နောက်ဆုံး Babe က သူ့အိမ်ရောက်သွားပြီး သူ့အခန်း ဆီပြေးတက်သွားခဲ့တယ်
ကျွန်တော်လဲ လိုက်တက်ဖို့အလုပ်မှာ

" ဟဲ့ ဘာဖစ်လာကြတာလဲ"

ယောက္ခမကြီး က ဒိုင်းကနဲ ရောက်ချလာခဲ့ သည်

" ဟိုမေမေ Babe ကလဲ ကျွန်တော့်ကို စိတ်ကောက်လာလို့ အဲ့တာ တက်ချော့မလို့ "

" အေးအေး ခလေးတွေများ ရအောင်ချော့ခဲ့အုန်း "

" ဟုတ်မေမေ "

ယောက္ခမကြီးကိုပြောပြီး အပေါ်သို့မြန်မြန်တက်လာခဲ့ပေမဲ့လဲ
အခန်းတံခါးက ပိတ်နေလေသည်
ကျွန်တော်လဲ တံခါးကို ခေါက်ပြီး

" Babe ကိုယ့်ကို ရှင်းပြခွင့်ပေးပါကွာ Babe ထင်သလို မဟုတ်ဘူး Babe "

" အီးဟီး ဘာမှလာရှင်းပြမနေနဲ့ လူလယ်ခေါင်မှာနမ်းနေကြတာ ဒီစောက်လုံးနှစ်လုံးနဲ့ မြင်လိုက်တယ်  ဟင့် ဟင့် "

My Author (complete)Where stories live. Discover now