[Unicode]
LaLisa Manoban 27နှစ် ခွဲစိတ်ဆရာဝန်
Lisa မှာ ထမင်းစားပွဲကို သရေတမြှားမြှားနဲ့ ငေးကြည့်နေမိတယ်။ သူရဲ့မိဘတွေက သူကို အိမ်အလည်ဖိတ်ရတဲ့အထိ ဘာအထူးအချိန်အခါမျိုး ရှိနေလဲဆိုတာ လုံးဝစဉ်းစားလို့ မရ။ Lisa ဟာ မိဘနှစ်ပါးနဲ့တစ်မြို့တည်းမှာ အတူတူနေတာပါ။ ဒါပေမယ့် တာဝန်ယူတက်တဲ့ လူငယ်တစ်ယောက်အနေနဲ့ Lisa က မြို့လယ်ခေါင်မှာ ကိုယ့်ဘာသာတိုက်ခန်းငှားနေလေရဲ့။
လွန်ခဲ့တဲ့ သုံးရက်တုန်းက Lisa ဖုန်းနဲ့ဂိမ်းကစားနေတုန်း ringtone ထမြည်လာတာကြောင့် နှလုံးခုန်ရပ်တော့မလို ခံစားလိုက်ရပြီး ဆော့နေတဲ့ ဂိမ်းကိုတောင် လွှတ်ပစ်မိတော့မလို့ဖြစ်သွားသေးတယ်။ lisa က သနားစရာကောင်းလှတဲ့ အမျိုးသမီးကို မိနစ် သုံးဆယ်လောက် ကျွက်ကျွက်ညံအောင် ပြောပြီးသကာလ ထို lisa မိခင်မှာ နားတစ်ခုလုံးလောင်ကျွမ်းသွားလောက်အောင်ကို ပြောဆိုခံလိုက်ရတယ်။ ဒါပေမယ့် သူမအမေရဲ့ အဓိကအမှာစကားကတော့ ၁၅ စက္ကန့်တည်းနဲ့ပြီးဆုံးသွားလေရဲ့ "စနေနေ့ည ညစာစားဖို့ အိမ်ပြန်လာခဲ့" တဲ့...
Lisa ဟာ သူ့မိဘနှစ်ပါးလို နားလည်မှုအပြည့်နဲ့မိဘရထားတာကို အရမ်းကျေးဇူးတင်မိတယ်။ သူ့ရဲ့အမေနဲ့အဖေမှာ တစ်ခါတစ်ရံ တကယ့်ကို စိတ်အနှောက်အယှက် ပေးတက်ပေမယ့် ချစ်ဖို့ကောင်းတဲ့အချိန်တွေတော့ရှိတယ်။
အထူးသဖြင့် သူမအကြိက်ဆုံးအစားအစာကို ချက်ပြုတ်ထားတဲ့အချိန်မှာပေါ့။
Lisa က ပါးစပ်ထဲကို စားစရာတွေအဆက်မပျက် ထိုးသွင်းနေသောကြောင့် မိဘနှစ်ပါးရဲ့ စိတ်ပျက်နေတဲ့အကြည့်ကို သတိမထားမိလိုက်ဘူး။ သူ့ကို လာအပြစ်မတင်နဲ့လေ။ သူမှာ စားကောင်းသောက်ကောင်း စားရတဲ့အချိန်က ရှားလွန်းတာကို။ Lisa က မပျင်းနေတဲ့အချိန် ဒါမှမဟုတ် တစ်ခုခုချက်ဖို့ အချိန်ရတဲ့အခါမှသာ သင့်သင့်တင့်တင့်စားတက်တာ။ အမှန်အတိုင်းတော့ Lisa ဟာ လုံးဝ မချက်ပြုတ်တက်ဘူး။ ချက်ပြုတ်တဲ့အခါ တူးပြီး မီးကျွမ်းရောပဲ။
စားရင်းသောက်ရင်းတန်းလန်း အဖေဖြစ်သူရဲ့ လည်ချောင်းရှင်းသံ ကြားလိုက်ရတယ်။ အစကတော့ Lisa လျစ်လျူရှုထားတာ။ သူမအဖေက စကားပြောဖို့ စောင့်နိုင်တယ်။ ဒါပေမယ့် သူမရဲ့ဆာလောင်နေတဲ့အစာအိမ်လေးကတော့ မစောင့်နိုင်ဘူးလေ။ အဲ့တာနဲ့ပဲ သူ့အဖေဟာ အကျယ်ကြီး ချောင်ဆိုးချင်ယောင်ဆောင်ပြီး Lisa အာရုံစိုက်လာအောင် လုပ်ပါတော့တယ်။
BẠN ĐANG ĐỌC
Home (MM Translation)
Fanfiction[Edited] တစ်ခါမှ မတွေ့ဖူးတဲ့ တစိမ်းတစ်ယောက်ကို တစ်နှစ်ပဲ ရင်းနှီးအောင်လုပ်ပြီး လက်ထပ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား?? Lalisa Manoban အတွက်တော့ မဖြစ်နိုင်ပါဘူး။ ဆိုးတာက Lisa ဆိုတာ လွယ်လွယ်နဲ့ ချစ်မိတက်တဲ့လူ မဟုတ်။ အချစ်ရေးမှာလည်း ကံဆိုးမှုတွေရှိခဲ့တော့ တ...