[Unicode]
အပိုင်း(၃၀)-(၁) ကြောက်ရွံ့မှု
"ဟေး အဆင်ပြေရဲ့လား" Jennie ရဲ့ချစ်ရသူက ရင်ခွင်ထဲရောက်တာနဲ့ ကြိုဆိုအနမ်း တစ်ခု ပေးလိုက်၏။ ဖျော့တော့နေတဲ့ Lisa ပုံစံကို မြင်လိုက်ရတော့ သူမ မျက်ခုံး ကြုပ်လိုက်မိသည်။
"အင်း" Lisa အားနည်းနေတာကြောင့် တိုးတိုးလေးသာ ဖြေလိုက်နိုင်၏။ "လေယာဉ်စီးရတာကြောင့် ပင်ပန်းနေတာပါ Nini-ah ။ ငါ အရမ်း အိပ်ချင်နေပြီ"
"ဒါဆို အိမ်ပြန်ရအောင်။ ဒါ ကူကိုင်ပေးမယ်" သူမ Lisa ရဲ့ အိတ်တစ်လုံးကို ယူလိုက်ကာ သူတို့ လက်ချင်းတွဲရင်း ကားပါကင်ဆီ လျှောက်သွားကြ၏။
Lisa ကားပေါ် ရောက်ပြီး ထိုင်ခုံကို ထိုင်ထိုင်ချင်းမှာတင် အိပ်ပျော်သွားသည်။ ၁၁နာရီကြာ လေယာဉ်စီးလာတာက သူမကို အရမ်း ပင်ပန်းစေ၏။
Jennie ရဲ့ လက်ချောင်းတွေက ကီးဘုတ်ကို တစ်တောက်တောက် ရိုက်နေတဲ့အသံကြောင့် Lisa ညသန်းခေါင်ကြီး နိုးလာ၏။ သူမ မျက်တောင်ခတ်ရင်း မျက်လုံးထဲ ဝင်လာတဲ့ အလင်းကို ညှိယူလိုက်သည်။
သိပ်မကြာတဲ့အချိန်မှာ Jennie ဘေးမှာ ရှိတဲ့ သူမဖုန်းက ထမြည်လာသည်။ Jennie ဖုန်းကိုင်လိုက်ပြီး တိုးတိုးပြောလိုက်၏။
"သူ အိပ်နေတာ။ Jisoo-ah"
"..."
"အိုခေလေ။ ငါ မနက်ဖြန် သူကို ပြောလိုက်မယ်။ အဆင်ပြေလား"
"..."
"အင်း ဘိုင်"
Jennie က သူမရဲ့ အနက်ရောင် အင်္ကျီကို ဝတ်ထားပြီး အဖြူရောင် ဘောင်းဘီကို ဝတ်ထားကာ ဆံပင်ကို ပုခုံးထက် ဖြန့်ချထား၏။ သူမ ဆံပင်ကို နားရွက်နောက် ညှပ်ထားပြီး မျက်နှာလှလှလေးပေါ်မှာ အာရုံစိုက်ထားခြင်း ဆိုတာကို တွေ့မြင်ရ၏။ Lisa လည်း မတက်နိုင်ပဲ ပြုံးလိုက်မိသည်။
သူမ သေသေချာချာ နှုတ်ဆက်ဖို့ မတက်နိုင်လောက်အောင် ပင်ပန်းနေသည်။ Lisa က သူမလေးကို အရမ်းလွမ်းနေပေမယ့်လည်း မျက်စိတစ်ခါ ပြန်ပိတ်လိုက်တာနဲ့ တဟုတ်မချင်း အိပ်ပျော်သွားပြန်သည်။
သူမ နောက်နေ့မနက်ရောက်မှ သေချာနိုးလာ၏။ Jennie ကိုတော့ မတွေ့ရတော့ပေ။ သူမ ငြီးလိုက်ပြီး အိပ်ရာဘေးက မီးအိမ်ကို ပိတ်လိုက်သည်။ သူမ ဘေးက နာရီကို ကြည့်လိုက်တော့ 9:35 A.M ရှိပြီဖြစ်သည်။ သူမ ဆယ်နှစ်နာရီလောက် အိပ်ပျော်သွားတာဖြစ်ပြီး ဘာမှကို မစားရသေးပေ။
ESTÁS LEYENDO
Home (MM Translation)
Fanfic[Edited] တစ်ခါမှ မတွေ့ဖူးတဲ့ တစိမ်းတစ်ယောက်ကို တစ်နှစ်ပဲ ရင်းနှီးအောင်လုပ်ပြီး လက်ထပ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား?? Lalisa Manoban အတွက်တော့ မဖြစ်နိုင်ပါဘူး။ ဆိုးတာက Lisa ဆိုတာ လွယ်လွယ်နဲ့ ချစ်မိတက်တဲ့လူ မဟုတ်။ အချစ်ရေးမှာလည်း ကံဆိုးမှုတွေရှိခဲ့တော့ တ...