အပိုင်း(၂၀)-(၂) ငါ့နှလုံးက နင့်ကို သဘောကျတယ်

1.7K 166 6
                                    

[Unicode]

အပိုင်း(၂၀)-(၂)

ငါနှလုံးက နင့်ကို သဘောကျတယ်

Ring tong...

အရပ်ရှည်တဲ့မိန်းကလေးက တိုက်ခန်းပိုင်ရှင် တံခါးလာဖွင့်မှာကို စိတ်ရှည်လက်ရှည်နဲ့ စောင့်နေသည်။ သူမ ဒီနေရာကို နောက်ဆုံးရောက်ဖြစ်တာ လွန်ခဲ့တဲ့ ကိုးလက ဖြစ်၏။ သူမ သိ‌သလောက် ဒီနေရာက အများကြီး မပြောင်းလဲသွားပေ။

ဆိုဖာတွေ တီဗီတွေ စားပွဲတွေနဲ့ ပစ္စည်း အားလုံးက အရင်က ‌အတိုင်းပဲရှိဦးမယ်လို့ သူမ တွေးမိနေသည်။ သူမရဲ့ unnie အတွက် အိတ်တစ်လုံးအပြည့် ဂျယ်လီ၊ စုပ်လုံး၊ ချောကလက် နဲ့ ‌သကြာလုံး များသောအားဖြင့် Unnie ကြိုက်တာတွေကို ယူလာသည်။ သူမ Lisa ကို လွမ်းသည်။ သူတို့ နှစ်ယောက်က အဖွဲ့ထဲမှာ အလုပ်အများဆုံးလူသားတွေ ဖြစ်တဲ့အတွက် အပြင်ထွက်လျှောက်လည်ဖို့ အချိန်မရှိပေ။ အခုက တနင်္ဂနွေနေ့ ဖြစ်တဲ့အတွက် သူတို့တွေ အေးအေးဆေးဆေး အနားယူကာ ဂိမ်းကစားရင်း မုန့်စားလို့ ရသည်။

Ring tong...

သူမ နောက်တစ်ခါ ဘဲလ်ကို တီးလိုက်သည်။ သူမ မရောက်လာခင် ဖုန်းမခေါ်မိပေ။ သူမ တိုက်ခန်းထဲ ဝင်လိုက်လို့ရပေမယ့် unnie ကို အံ့ဩသွားစေချင်၏။ တိုက်ခန်းအတွင်းမှာ ခြေသံကို ကြားလိုက်ရသည်။ သူမ အပြုံးကြီးကြီးပြုံးလိုက်ရင်း အကျယ်ကြီး အော်လိုက်ဖို့ ပြင်ဆင်ထား၏။

Click.

"အမ်.." သူမအရှေ့မှာ ရပ်နေတဲ့ လူက သူမ unnie မဟုတ်တာကြောင့် အကျယ်ကြီး အော်ဖို့တောင် အခွင့်အရေးမရလိုက်ပေ။ ထိုမိန်းကလေးမှာ hot pant နဲ့ လျော့တီလျော့ရဲ တီရှပ်ကို ဝတ်ထားပြီး ဆံပင်မြင့်မြင်စည်းထားကာ ကြောင်မျက်လုံးကို ပိုင်ဆိုင်ထားသည်။

"ကျွန်မ တောင်းပန်ပါတယ်" သူမ အသက်တစ်ချက်ရှူလိုက်သည်။ "ကျွန်မ ထင်တာက အင်း... မဟုတ် ကျွန်မ အိမ်မှာသွားတယ်ထင်တယ်" သူမ ခေါင်းငုံပြပြီး ပြန်ထွက်သွားမလို့ပြင်နေတဲ့အချိန်မှာ ထိုမိန်းကလေးက သူမ ကို တားသည်။

"နေဦး ဘယ်သူ့ကို ရှာနေတာလဲ" သူမ မေးသည်။

"အမ် Ms Lisa Manoban ကိုပါ။ သူက အရင်က ဒီမှာနေဖူးတယ်။ အားနားလိုက်တာ နှောက်ယှက်မိသွားတယ်"

Home (MM Translation)Onde histórias criam vida. Descubra agora