အပိုင်း(၃၄)-(၁) Girls Night

2.1K 103 4
                                    

[Unicode]

Home အပိုင်း(၃၄)-(၁) Girls night

"ငါ့မှာ schizophrenia မျိုးရိုးရှိတယ်" အခန်းရဲ့အလင်းရောင်အောက်မှာ သူမက စိတ်ဗလာမျက်နှာဘေးနဲ့ ပြောလိုက်သည်။ သူမစိတ်ဝိဉာဉ် မသက်မသာဖြစ်နေတာက သတိမပြုဘဲ မနေနိုင်လောက်အောင် ထင်ရှားလွန်းနေသည်။ "ငါ့မှာ Schizophrenia မျိုးရိုးရှိတယ်တဲ့" သူမ ထပ်ပြောလာသည်။

အခန်းထဲမှာ ရှိတဲ့ နောက်ထပ်လူတစ်ယောက်က သူမလက်ကို ထိုစကားပြောနေတဲ့ မိန်းကလေးရဲ့ ရင်ဘက်ဆီတင်လိုက်၏။ သူမခေါင်းကိုပါ ထိုအမျိုးသမီးရဲ့ မေးစေ့အောက် ထားလိုက်ကာ ကိုယ်ကိုယ်ကို သက်တောင့်သက်သာ ဖြစ်အောင်နေလိုက်သည်။ လက်တစ်စုံက သူမရဲ့ ခါးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လာတာကို ခံစားမိ၏။ သူမ အနားယူ‌တော့မယ့်အချိန်မှာ ရှင်သန်ချင်တဲ့ စိတ်ကို ဖော်ပြချင်၏။

"မကုသနိုင်တဲ့အထိဖြစ်လာရင် ညီမ အစ်မကို ဆက်ချစ်ဦးမှာလား"

schizophrenia က မကုသနိုင်ပါ။ ဆေးနဲ့ရောဂါလက္ခဏာကို ထိန်းချုပ်နိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာကို ပြည့်ပြည့်ဝဝ ကုသပေးဖို့ နည်းလမ်း မရှိပေ။

သူမရဲ့မွေးဖခင်မှာ schizophrenia ရောဂါ ရှိနေတယ်ဆိုတဲ့အဓိပ္ပါယ်က သူမကိုယ်တိုင်မှာလည်း တူညီတဲ့ ရောဂါကို လက်ဆင့်ကမ်းနိုင်တဲ့ ၁၀% အခွင့်အလမ်းရှိတာပင်။

"အစ်မ ကျန်းမာနေတာပဲလေ"

"ဘယ်လောက်ကြာကြာ ကျန်းမာနိုင်မှာလဲ" သူမရဲ့ လက်ကို နောက်မိန်းကလေးရဲ့ တီရှပ်အောက်ထဲ တိုးဝင်လိုက်ကာ လက်ချောင်းတွေနဲ့ နူးညံတဲ့ အသားအရည်ကို ပွတ်ပေးနေလိုက်သည်။

"ဘာလို့ မနက်ဖြန် သန်ဘက်ခါ ပြောင်းသွား‌တော့မယ့်အတိုင်း ပြောနေတာလဲ" Sana ရဲ့အထိအတွေ့ကြောင့် Dahyun ကြက်သီးထသွားကာ နှုတ်ခမ်းကနေ အသံသေးသေးလေး ထွက်သွား၏။

"အနာဂတ်မှာ ဘာဖြစ်လာမလဲ ဘယ်သူမှ မသိဘူးလေ" Sana က သူမကောင်မလေးရဲ့ ခေါင်းလျှော်ရည်အနံကို ရှူလိုက်၏။

"အဲ့လိုမပြောပါနဲ့" Dahyun က Sana ရဲ့ နှုတ်ခမ်းကို ဖြည်းဖြည်းချင်း ဆြဲငုံလိုက်ပြီး တစ်လက်မမကျန် အရသာခံလိုက်၏။ သူမစိတ်တစ်ခုလုံး ဗလာဖြစ်သွားသည်။ သူတို့ ဒီလို အရေပြားချင်းထိတွေလိုက်တိုင်း သူမရဲ့ဦးနှောက်က ဘာဆို ဘာမှ မစဉ်းစားနိုင်တော့ပေ။

Home (MM Translation)Место, где живут истории. Откройте их для себя