အပိုင်း(၉)- မကြိုက်ခြင်း

2.1K 157 2
                                    

[Unicode]

Home (9)

အေးစိမ့်စိမ့် စနေနေ့မှာ Lisa က Jennie ကို ရုံးခန်းမှာသွားကြိုပြီးနောက် ‌ဈေးဟောင်းတန်းသွားကြတယ်။ Jennie က လိုအပ်တဲ့ပစ္စည်းတွေ ရွေးချယ်ဝယ်ယူနေတဲ့အချိန် Lisa က ဘေးကနေရပ်၊ လမ်းဘေးမုန့်တွေ‌လျှောက်စားရင်း၊ Jennie ဝယ်ပြီးသမျှ အိတ်တွေကို ဒိုင်ခံသယ်ပေးနေတော့တယ်။

Lisa နောက်ဆုံးအကြိမ် ဈေး‌ဟောင်းတန်းကို လာခဲ့တဲ့အကြိမ်ကို ပြန်စဉ်းစားမိတယ်။ တကယ့်ကို ကြာခဲ့ပြီ‌။ ဆေးကျောင်းတက်နေတဲ့ အချိန်လောက်တုန်းက ဖြစ်မယ်ထင်တယ်။

"လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ အကုန်စုံပြီထင်တယ်"
Jennie က ဝယ်ထားတဲ့အရာတွေအတွက် ပိုက်ဆံချေရင်း ပြောလိုက်သည်။

Lisa ကတော့ ပူတောက်နေတဲ့ တော့ပူကီကို တရှူးရှူးဝါးနေဆဲ။

"ဟေး ဟေး နင် ‌ဒီလိုနဲ့ လျှာအပူလောင်တော့မှာပဲ"
Jennie က စိတ်ညစ်ညစ်နဲ့ မျက်မှောင်ကြုတ်ထားမိတယ်

"တကယ်အရသာရှိတယ်ဟ။ စားကြည့်မလား"
Lisa က တော့ပူကီကို မှုတ်လိုက်ပြီး Jennie ကို ကျွေးဖို့လုပ်တော့ Jennie က ခေါင်းခါပြသည်။

"အိမ်ပြန်ရအောင် Lisa"
Jennie လည်း အထုတ်နည်းနည်းကို ကူဆွဲလိုက်ရင်း ကားပါကင်ဆီ လမ်းလျှောက်သွားလေရဲ့။

****

"Nini စမချက်ခင် ငါတို့ တစ်ရေးလောက်အိပ်လို့ရမလား"
Lisa က ပစ္စည်းတွေကို ရေခဲသေတ္တာထဲ ထည့်ပြီး အော်ပြောလိုက်တယ်။

" ငါတို့လား..."

"ဘာကိုလဲ"
Lisa နားမလည်လိုက်လို့ ပြန်အော်မေးလိုက်တယ်။

"နင် ငါနဲ့ တစ်ရေးအိပ်ချင်တာလားလို့။ နင် 'ငါတို့' လို့ပြောတာဆိုတော့"
Jennie က Lisa ကို နှုတ်ခမ်းတစ်ဖက်စွန်းကော့တက်ထားတဲ့ အပြုံးနဲ့ကြည့်လိုက်လေရဲ့။ 

တစ်ယောက်နဲ့တစ်ယောက် အဲ့လိုစနောက်နေတာဟာ သူတို့နှစ်ယောက်အတွက် တကယ့်ကိုပျော်စရာ။ စနောက်လိုက်တဲ့အချိန်မှာ ဖြစ်သွားတဲ့ တခြားတစ်ယောက်ရဲ့တုံ့ပြန်မှုက လူကိုဖျော်ဖြေနေသလို ဖြစ်နေတာကို။ ဒါပေမယ့် သူတို့ရဲ့ရင်ထဲမှာတော့ စ‌နောက်လိုက်တဲ့အချိန် နောက်ပြောင်လိုက်တဲ့အချိန်တိုင်း ရင်ခုန်သံကို ပုံမှန်ထက် ပိုမြန်နေတော့တယ်။

Home (MM Translation)Onde histórias criam vida. Descubra agora