အပိုင်း(၁၁)-မလှပခဲ့တဲ့ အတိတ်

1.6K 146 0
                                    



[Unicode]

Home (11)

သူတို့အချင်းချင်း မတွေ့မိတာ ရက်တော်တော်ကြာသွားပြီ။ Lisa မနိုးခင် Jennie ကအလုပ်သွားတက်သလို Lisa အိမ်ပြန်‌ရောက်လာတဲ့အချိန်မှာလည်း Jennie ကအိပ်နေတာဖြစ်ရင်ဖြစ်၊ မအိပ်နေရင်လည်း အပြင်တော့မထွက်လာဘူး။ စာပို့တာ၊ ဖုန်းဆက်တာ ဘာဆိုဘာမှမရှိနေဘူး။

Lisa တစ်ယောက်တည်းစားသောက်ရတာကို မကြိုက်တော့ဘူး။ အဲ့မိန်းကလေးကို goodbye လို့ မနှုတ်ဆက်ရပဲ အလုပ်သွားရတာကိုလည်း မုန်းတယ်။ အိပ်ပြန်ရောက်တာနဲ့ Jennie မစောင့်နေတာကို မြင်လိုက်ရရင် Lisa ရဲ့ရင်ထဲ ဘဝင်မကျတော့ဘူး။

အနားမှာ Jennie မရှိနေတာကိုလည်း မုန်းတယ်။ Jennie ကို ပြန်မတောင်းပန်မိတာ၊ သူတို့ကြား ပြန်အဆင်ပြေသွားအောင် တစ်ခုခုမလုပ်ပေးမိတာကိုလည်း မုန်းမိပြန်တယ်။ 

စိတ်ထဲမှာ အတွေးပေါင်းစုံနဲ့ ရှုပ်ထွေးပွေလီနေလွန်းရင်းနဲ့ Jennie နဲ့ ပြဿနာတက်မိတော့ Lisa ကိုပိုခေါင်းရှုပ်စေတယ်။

တစ်ခါတစ်လေ Lisa မှာ Jennie ရဲ့အခန်းတံခါးကို ခေါက်လိုက်တာပဲဖြစ်ဖြစ်၊ စာတိုပို့လိုက်တာပဲဖြစ်ဖြစ်၊ ဖုန်းခေါ်တာပဲဖြစ်ဖြစ် လုပ်လိုက်ချင်ပေမယ့် မလုပ်နိုင်ပြန်ဘူး။ အရင်တစ်ခေါက်က အမှားကိုပဲ သူပြန်လုပ်မိရင်‌ကော ဘယ်လိုလုပ်မလဲ။ သူကိုယ်သူ မသေချာသလိုမျိုး Jennie ကလည်း သူအတွက် ဘာလဲဆိုတာလည်း သေချာမသိသေးဘူး။ 

"ကဲ ပြောပါတော့ Lisa ။ ဘာတြွေဖစ်နေတာလဲ"

"ဘာမှမဖြစ်ဘူး"

"မယုံဘူးဟာ"

"…"

"နင် မှိုင်နေတာ တော်တော်ကြာပြီ။ ပြီးတော့ ငါ ဘုတ် အချိန်ဇယားကို မမြင်ဘူးထင်နေတာလား။ တစ်ရက်တည်းနဲ့ ခွဲစိတ်ဖို့ လေးခု ငါးခုတောင် ရှိနေတယ်။ နင် ရူးနေပြီလား။ အခုတလော နင့်ရုပ်ကို မြင်ရဖို့ ခက်လာတယ်။ ဘာဖြစ်နေတာလဲ"
Jisoo ကနောက်တစ်ကြိမ် ထပ်ပြီး နားပူနားစာလုပ်လာပြန်တယ်။

"ဘာမှမဖြစ်ဘူး။ နင်ကိစ္စကိုသာ အာရုံစိုက်နေ"
Lisa ပြန်အော်လိုက်တယ်။

Home (MM Translation)Donde viven las historias. Descúbrelo ahora