အပိုင်း(၃၂)-(၂) ကာကွယ်ပေးရမယ့်သူ

1.3K 118 4
                                    

[Unicode]

အပိုင်း(၃၂)-(၂) ကာကွယ်ပေးရမယ့်သူ

Lisa က Jennie ရပ်နေတဲ့ နေရာကို ဦးတည်‌‌လျှောက်သွားလိုက်၏။ တခြားလူတွေမှာ အခန်းထဲကို ပြန်ဝင်သွားပြီဖြစ်သည်။

"ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"

"ငါ့သူဌေးလေ" Jennie က ‌တံခါး‌နောက်က အခန်းကို ညွှန်ပြရင်း ပြောလိုက်သည်။

"ငါ့လူနာက နင့်အလုပ်ရှင်ပေါ့"

"အင်း" သူမက အတည်ပြုပေး၏။

"ဘာလို့ မပြောပြတာလဲကွာ"

"ငါလည်း ဒီမနက် မှ သတင်းရတာ Lili ရ‌ဲ့။ နင့်ကို ဖုန်းခေါ်‌တယ်လေ မဟုတ်ဘူးလား။ နင်အလုပ်များနေတယ်ပြောတော့။ ဒါနဲ့ နင်အရမ်းမိုက်တာပဲ။ နင်အလုပ်လုပ်နေတာကို ဒီလောက် နီးနီးကပ်ကပ် မမြင်ဖူးဘူး" Jennie က သူမရဲ့ချစ်ရသူကို စနောက် ရင်း တစ်ခစ်ခစ်ရယ်နေ၏။

"နင် ငါ့ကို နောက်ယောင်ခံလိုက်နေတာလား ဘာလား" Lisa က လက်ကို ရင်ဘက်ရှေ့ထားရင်း ပိုက်လိုက်၏။

"လိုက်ကာစည်းကြားကနေ နင့်ကို ရှင်းရှင်းလင်းလင်း မြင်‌နေရတာဆိုတော့ နောက်ယောင်ခံလိုက်နေတာ မဟုတ်ဘူးပေါ့"

"အေးပါ။ ငါ့ကို မိုက်တယ်ပြောမှတော့ ဘာပြဿနာမှမရှိဘူးပေါ့"

သူတို့ နှစ်‌ယောက်စလုံးရယ်လိုက်ကြသည်။

"ဆိုတော့ နင် ငါနဲ့လိုက်မိတ်ဆက်ချင်လား" Jennie က ခဏနေတော့ မေးလာသည်။

"ငါ့ ကြည့်ရတာ အဆင်ပြေရဲ့လား" Jennie က သူမကို အလုပ်ရှင်နဲ့ မိတ်ဆက်ပေးတော့မယ်ဆိုတော့ Lisa ရုတ်တရက် သူမရဲ့ပုံစံကို စိတ်ပူလာသည်။

"ဟမ်... နင် ခုဏလေးတင် သူနဲ့ စကားပြောလာတာလေ"

"သူရဲ့ ဆရာဝန်အနေနဲ့ပြောလာတာ‌လေ။ သူ သဘောအကျဆုံးဝန်ထမ်းရဲ့ ဇနီးလောင်းအနေနဲ့မှ မဟုတ်တာ" Lisa က အချက်အလက်ကြီးတစ်ခုလို ပြောပြ၏။

"နင့်ကြည့်ရတာ သပ်သပ်ရပ်ရပ်နဲ့ ဉာဏ်ကောင်းတောက်ပပြီး ကြည့်ကောင်းတဲ့ပုံပေါ်တယ်"

Jennie က Lisa ရဲ့ ကုတ်ကို သပ်ပေးလိုက်ပြီး ပါးကို တစ်ချက်နမ်းလိုက်၏။ "သူ နင့်ကို သဘောကျမှာပါ"

Home (MM Translation)Onde histórias criam vida. Descubra agora