အပိုင်း(၁၆) ထိုက်တန်ကြောင်း ပြပါ့မယ်

1.7K 149 3
                                    

[Unicode]

ထိုက်တန်ကြောင်း ပြပါ့မယ်

Lisa လဲအိပ်ရင်း နေမင်းကြီးကို နေကာမျက်မှန်အကူအညီနဲ့ မျက်နှာမူထားသည်။ လေက လန်းဆန်းနေပြီး ‌အရမ်း မအေးသလို အရမ်းလည်း မနွေးပါ။ သူမ တည်တည်ငြိမ်ငြိမ်အသက်ရှူတော့ အိပ်ချင်စိတ်က တံခါးလာခေါက်၏။ Jennie ကတော့ သူမဘေးမှာ 'The Rosie Project' ကို ဖတ်နေသည်။ ဝတ္ထုက ဘာအမျိုးအစားလည်း မသိပေမယ့် Jennie ဆိုသည်မှာ ရိုမက်တစ် ဒါမှမဟုတ် ဟာသပဲဖတ်တက်သည်။

"ငါမှာ ကြောက်ဖို့ကောင်းတာတွေ လျို့ဝှက်သဲဖိုတွေ ကံဆိုးမိုးမှောင်ကျတာတွေကို အမှုသည်တွေကနေ တစ်ဘဝလုံး လုံလုံလောက်လောက်ကြားခဲ့ပြီးပြီ ဆိုတော့ ငါ စိတ်ဓာတ်ကျတာတွေ ဝမ်းနည်းစရာတွေကို မဖတ်ချင်တော့သလို မကြည့်ချင်တော့ဘူး။ ငါ ပျော်စရာတွေပဲ ကြိုက်တယ်။ ရိုမက်တစ်ဆန်တဲ့ စာအုပ် ဒါမှမဟုတ် ဇာတ်ကားမှပဲ ခံစားလို့ရတယ်" Jennie ရဲ့ အဆိုကို ပြန်တွေးမိရင်း ပြုံးလိုက်မိသည်။

Lisa ရဲ့ကမ္ဘာကြီးက ရက်ပိုင်းအတွင်းမှာ ပြောင်းပြန်ဖြစ်သွားသည်။ Jennie ကတော့ ဘာမှ မမှားသလို ပြုမှုနေပြီး Lisa က အဲ့အတွက် အရမ်းကျေးဇူးတင်မိသည်။ သူမ အခုအထိ Jennie နဲ့အတူတူ ရှိသွားဖို့ကို အဆင်သင့် မဖြစ်သေးပါ။ သူမ စိတ်ထဲမှာ အများကြီး တွေးမိနေပြီး သူမလေးကို အားလုံး မပြောမိခင် သူမကိုယ် သူမ ပြင်ဆင်ဖို့ လိုသည်။

သူမ အတိတ်ကို Jennie ကို မျှဝေပေးမယ်ဆိုတဲ့အကြံက အရမ်း စိတ်ဝင်စားဖို့ကောင်းသည်။ သူမ Jennie ရဲ့ အမြင်ကို သိချင်သည်။ ပြီးတော့ သူမလည်း အတိတ်ကို ထားခဲ့နိုင်လိမ့်မည်။ Jennie က သူမ တွေ့ဖူးသမျှ လူထဲမှာ အကြင်နာတက်ဆုံးလူသားဖြစ်သည်။ လူတွေကို အပြင်ပိုင်းကြည့်ပြီး မဆုံးဖြတ်တက်ပေ။လူတွေက သူမရဲ့ အခွင့်ရေးပေးမှုနဲ့ မထိုက်တန်တာ‌တောင်မှ သူမ ပေးလေ့ရှိသည်။

"ဉပမာ ငါ့လိုမျိူးပေါ့" Lisa သူမကိုယ် သူမပြောလိုက်သည်။

အခု မေးရမှာက သူမ ဒီလို နူးညံ့သိမ်မွေ့လှတဲ့ လူသားလေးနဲ့ ဘဝအခန်းသစ်ကို လျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်ပြီလား ဆိုတာပင်။ သူမ ထိုလူသားလေးအတွက် ကောင်းနိုင်ပါ့မလား။ သူမရဲ့ အတိတ်ကို ကို ကျော်လွှားနိုင်ဖို့ လုံလုံလောက်လောက် သတ္တိရှိပါ့မလား။ သူမ ထိုလူသားလေးကို ပျော်ရွှင်အောင်လုပ်ပေးနိုင်ပါ့မလား။ သူမကိုယ် သူမ လွတ်လပ်ခွင့်ပေးပြီး ထပ်ချစ်နိုင်ပါ့မလား။ သူမ မသိပေ။

Home (MM Translation)Donde viven las historias. Descúbrelo ahora