အပိုင်း(၂၆)-(၂) Prague

1.4K 148 4
                                    

[Unicode]

အပိုင်း(၂၆)-(၂) Prague

"နင် ငါ့ကို ရေခဲမုန့် သုံးဘူးဝယ်ပေးဖို့ အကြွေးတင်သွားပြီနော်" Lisa က သူမအိမ် မဟုတ်ပေမယ့်လည်း သူအိမ်လိုမျိုး သက်တောင့်သက်သာနေနေ၏။ Sana ရဲ့ မုန်ထုတ်ကို စားကာ ခြေထောက်ကို စားပွဲပေါ် တင်ထားသည်။

"တွေ့ရတာ ဝမ်းသာပါတယ် Unnie ရေ" Sana က သူမကိုရွဲ့ကာ နှုတ်ဆက်သည်။ "unnie ဝင်လာတာ မကြားလိုက်ဘူး" Lisa သားဖွားမီးယက်ဆရာဝန်မ‌လေး အိမ်ကို အသိမပေးဘဲ ဝင်လာတုန်းက သူမမှာ ရေချိုးနေတုန်းဖြစ်၏။

Lisa မျက်ခုံးပင့်ပြသည်။

"ညီမကို တစ်ခုခုပြောစရာ ရှိလို့လား"

"ဘာတွေပြောနေတာလဲ" Lisa ဘေးနားကို ဝင်ထိုင်၏။ "ငါ တစ်နေ့တုန်း အချိန်မရဘူးဟ။ ဟုတ်ပြီလား။ ငါ Nini ကို သွားကြိုပြီး ညကြ ဒိတ်လုပ်ရဦးမယ်။ ဒါကြောင့် ရှည်ရှည်ဝေးဝေး လုပ်မနေနဲ့ ပြောတော့"

"Unnie ဘာတွေ ပြောနေတာလဲဆိုတာ ညီမ တကယ့်ကို မသိဘူး" Sana ခေါင်းဆန့်လိုက်သည်။ "ညီမက ဘာကို ပြောပြရမှာလဲ"

"နင် Dahyun ကို နမ်းလိုက်တာလား မနမ်းလိုက်တာလား"

"ဘာ- အစ်မ ဘယ်လို သိတာလဲ"

"သူ ငါ့ကို ပြောတာ" Lisa ပြုံးဖြီးဖြီး လုပ်လိုက်သည်။ "အခု နင် ဘယ်အချိန်မှ ငါ့ကို ပြောဖို့ စိတ်ကူးထားလဲဟမ်"

"တစ်ခုခု ပြောဖို့ဆိုတာ အရမ်းစောနေတယ် unnie ရဲ့။ အဲ့နေ့က ညီမလည်း ဘာဖြစ်သွားလဲ မသိလိုက်ဘူး။ ညီမတို့ တွေကရာ ပြောနေကြတာ ပြီးတော့ ရုတ်တရက်ကြီး ကိုယ့်ကိုယ်ကို မတားနိုင်ပါပဲ နမ်းမိသွားတယ်။ ပြီးတော့ ကို့ရို့ကားယား ဖြစ်လွန်းလို့ ဘာဆက်လုပ်ရမလဲတောင် မသိ‌တော့ဘူး။ ဆေးရုံက ဖုန်းဆက်လို့တော်သေးတယ်။ မဟုတ်ရင် ညီမ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး..."

"သူကြိုက်တယ်တဲ့"

"တကယ်လား" Sana လန့်သွားသည်။ "သူ unnie ကို ဘာပြောတာလဲ"

"မပြောဘူး။ လျို့ဝှက်ချက်ဖြစ်လို့ ဟို့ဘက်က ကိစ္စတွေ မပြောပြနိုင်ဘူး" Lisa ခေါင်းခါပြသည်။

"Unnie ,ပြောပြပါလို့"

"ငကြောက်လုပ်မနေနဲ့ ဒီအတိုင်းသာ လုပ်လိုက်။ ငါ နင့်အတွက် ကြူးပစ်လုပ်ပေးပြီးပြီ။ နင် အကောင်းဆုံးသာ အားမထုတ်ရင် နင်ခေါင်းကို ဂတုံးတုံးလိုက် မှာ" Lisa သူမကို ခြိမ်းခြောက်သည်။

Home (MM Translation)Where stories live. Discover now