အပိုင်း(၂၁)-(၂) နင့်ဘေးမှာ ရှိနေဖို့က ငါ့အိပ်မက်ပါ Nini

1.4K 132 3
                                    

[Unicode]

အပိုင်း(၂၁)-(၂)

နင့်ဘေးမှာ ရှိနေဖို့က ငါ့အိပ်မက်ပါ Nini

"Lisa-aah" Jennie ခန္ဓာကိုယ်အရှည်ကြီးကို လှုပ်နိုးပေမယ့် ထိုခန္ဓာကိုယ်ကတော့ သူမရဲ့အသံချိုချိုမှာ နိုးထဖို့ ငြင်းဆန်နေ၏။ "ထတော့လို့"  ထပ်နိုးသည်။

"အာ အိပ်ချင်သေးတယ်" ထိုမိန်းကလေးမှ မပီမသ ငြီးပြောသည်။

"ဒီမနက် ထပြေးမယ် ပြောပြီးတော့ ထပါ။ အပျင်းကြီးတဲ့ ကလေးကြီးရဲ့" Jennie စောင်ကို ဆွဲခွာသည်။

"ငါ မမှတ်မိဘူး" ခွလုံးကို တင်းတင်းဖက်ပြီး ပြန်ပြောသည်။

"အေးလေ အဲ့တာကြောင့် ငါ ဒီကို ရောက်နေတာပေါ့။ ဒီမနက် ထပြေးမယ့် ဒိတ်ရှိတာ သတိပေးဖို့" Jennie လက်ပိုက်လိုက်သည်။ "ပြီးတော့ အဲ့တာ နင်ပြော‌တာနော်"

သာသာလေး ဟောက်သံကို သူမ ထပ်ကြားရသည်။

Jennie အကျယ်ကြီး သက်ပြင်းချလိုက်သည်။ "ရတယ် နင် မထချင်ဘူးဆိုလည်း ရတယ်" သူမ အခန်းထဲက ဒုန်းဆိုင်းထွက်သွားပြီး စောင်ကို တမင်သက်သက် ကြမ်းပြင်ပေါ် ချခဲ့ကာ Lisa ကို အခန်းထဲမှာ အအေးဓာတ်ကို ခံစားစေသည်။

Lisa ငြီးသည်။ သူမ ခန္ဓာကိုယ်ကို အားနဲ့ ထလိုက်ပြီး ထိုင်လိုက်ကာ နဖူးရှေ့ ဆံပင်ကို လေနဲ့ မှုတ်ထုတ်လိုက်သည်။ Jennie က တစ်ခါတစ်လေ တကယ့်ကို စိတ်ရှုပ်စရာကောင်းသည်။ သူမ အိပ်ရာက ထပြီး အပျင်းကြီးကြီးနဲ့ အကြောလျော့လိုက်သည်။ မျက်လုံးကို ပွတ်ကာ အခန်းထဲက ထွက်တော့ အနက်ရောင် အင်္ကျီအကြီးကြီးနဲ့ အားကစားဘောင်းဘီဝတ်လျက် ဆံပင်အမြင့်စည်းထားတဲ့ Jennie ကို တွေ့လိုက်သည်။

သူမ မြင်ကွင်းကြောင့် တံတွေးမျိုချမိသည်။ သူမ ခဏတာ တန့်သွားပြီး မျက်လုံးက မျက်လုံးအိမ်ထဲကနေ ထွက်ကျတော့ မလို ဖြစ်နေသည်။

"ငါ့ကို ဘာလို့ အဲ့လို ကြည့်နေတာလဲ" Jennie က နားကြပ်တပ်ရင်း အလုပ်များနေတဲ့အတွက် သူမကို တစ်ချက်တောင် လှည့် မကြည့်ပါ။

"ခဏ.... ခဏစောင့်။ ငါ သွားလဲ လိုက်ဦးမယ်" Lisa တံခါးကို ပိတ်လိုက်ပြီး ဝတ်ထားတဲ့ ညဝတ်အင်္ကျီကို ချွတ်လိုက်ကာ ဗီဒိုဖွင့်ပြီး တွေ့တဲ့ ဘောင်းဘီအချောင်နဲ့ လက်ပြတ်ရှပ်အင်္ကျီကို ထုတ်လိုက်သည်။

Home (MM Translation)Onde histórias criam vida. Descubra agora