အပိုင်း(၆)-မိသားစုတည်ဆောက်ရင်

2.7K 196 1
                                    

[Unicode]

Home (6)


Lisa က ဖွင့်ထားတဲ့ တီဗီကိုပဲ အာရုံစိုက်ထားရင်း ပန်းသီးကို အကိုက်အကြီးကြီးကိုက်လိုက်သည်။ တနင်္ဂနွေနေ့ နေ့လည်ခင်းဖြစ်သည်။ အဆက်မပြတ် အလုပ်လုပ်ပြီးနောက် ပထမဆုံးအနားယူရတဲ့ တနင်္ဂနွေနေ့ နေ့လည်ခင်းဖြစ်သည်။ Lisa က ညဝတ်အင်္ကျီနဲ့ခြေအိတ်ကို ဝတ်ဆင်ထားပြီး ရွှေရောင်ဆံပင်ကို ပုခုံးပေါ် ဝဲချထားကာ ခြေထောက်ကို စားပွဲခုံပေါ်တင်ထားသည်။ လုံးဝဘာမှလုပ်စရာမရှိတဲ့ ဒီလိုအချိန်အခါမျိုးကို Lisa လွမ်းသည်။

"Lisa"
Lisa က သူ နာမည်အော်ခေါ်ရာဆီကို မျက်လုံးလန်ပြလိုက်ပေမယ့် ကိုယ်ကိုတော့ တစ်လက်မတောင်မရွေ့။ ဒါဟာ သူရဲ့တနင်္ဂနွေ‌နေ့နံနက်ခင်းဖြစ်သည်။ ဘယ်သူမှ သူကို အာရုံလာလွှဲလို့မရပေ။ အာကျယ်အာကျယ်နဲ့ အမျိုးသမီးလည်း မရပေ။ Lisa မသိချင်ယောင်ဆောင်လိုက်ပြီး တီဗီကိုသာ ဆက်ကြည့်နေသည်။

"ငါခေါ်တာ မကြားဘူးလား"
Jennie က ရင်ဘက်ရှေ့လက်ပိုက်ရင်း စိတ်မကျေနပ်နေတဲ့မျက်နှာ‌ဘေးနဲ့ တီဗီရှေ့တွေ လာပိတ်ရပ်လိုက်၏။

"ငါ တီဗီကြည့်နေတာ မမြင်ဘူးလား"
Lisa က တီဗီစခရင်ကို လက်ညိုးထိုးပြရင်း
"ဖယ်"
အရှေ့က ဆံညိုမိန်းကလေး Jennie ကိုနှင်ထုတ်သည်။

"ဟင့်အင်း နင် တီဗီ မကြည့်ရတော့ဘူး"
Jennie က တီဗီကိုပိတ်လိုက်တော့ Lisa က မကျေမနပ်ကြည့်လိုက်သည်။
"နင် အဆင်သင့်ပြင်ထားတော့။ ငါတို့ ညစာ စားဖို့ နင့်မိဘအိမ်သွားရမယ်"
ရှေ့နေမလေးက Lisa ဆီကနေ တီဗီremote ကို ဆွဲယူလိုက်ပြီး အနီးက စားပွဲခုံပေါ်တင်လိုက်သည်။
"ပြီးတော့ ငါတို့လက်ဆောင်အနေနဲ့ ဝိုင်ဝယ်ရဦးမယ်"

"မိဘတွေနဲ့ ဘာလို့များ သေချာပေါက်ကြီး ညစာစားရမှာလဲ"
သူမငြီးသည်။
"ငါတို့ ပီဇာပဲဖြစ်ဖြစ် တစ်ခုခုမှာစားလို့ မရဘူးလား"

သူ့မိဘနှစ်ပါးနဲ့ Jennie တစ်မိုးအောက်တည်းမှာ အတူတူရှိနေမယ်ဆိုတဲ့အတွေးက Lisa ကို စိတ်မသက်မသာဖြစ်စေသည်။ Jennie ဟာ သူ့မိဘတွေကို Lisa ရဲ့မကောင်းတဲ့ပြုမူဆက်ဆံပုံတွေအား ပြောပြလိုက်ရင် Lisa ပြဿနာကြီးတက်နိုင်သလို သူရဲ့ကလေးဘဝက ဗရုတ်သုတ်ခတွေနဲ့ ဆယ်ကျော်သက်အကြောင်းကို ချစ်လှစွာသောမိဘနှစ်ပါးက Jennie ကို စေတနာဗလဗွနဲ့ပြောပြနေမည်ကိုလည်း Lisa မကြားနိုင်။ မိဘတွေက ချွေးမဖြစ်လာမယ့်သူ့ကို သူတို့သားသမီးရဲ့အတင်းအကြောင်း မိန်ရေရှက်ရေပြောပြတာက ထုံးလမ်းစဉ်လာတစ်ခုဖြစ်မည်ထင်၏။

Home (MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ