အပိုင်း(၁၂)-စကားတွေ လွန်သွားရင်

1.7K 151 0
                                    

[Unicode]

Home (12)

Lisa ဟာ အုတ်ဂူကျောက်တိုင်ကို မျက်နှာသေကြီးနဲ့ငေးကြည့်နေမိတယ်။ 

"မနေ့ည‌တုန်းက အဲ့အကြောင်း အိပ်မက်ထပ်မက်တယ်။ ဒါကြောင့် လာ‌တွေ့တာ။ ဒါက ငါ့ကိုသတိရနေတယ်လို့ ပြောချင်နေတာများလား။ အဲ့လိုဆိုရင်လည်း တခြားမှတ်ဉာဏ်တွေနဲ့ လာပါ့လား။ အခုအိပ်မက်ကြတော့ လူကို ရူးအောင်လာလုပ်နေသလိုပဲ။ လူယုတ်မာကြီး"
Lisa ခါးသက်သက်ပြောလိုက်တယ်။ လည်ချောင်တစ်လျှောက် ဆို့တက်လာပေမယ့် မျိုချပစ်ဖို့ကြိုးစားလိုက်တယ်။

Lisa ဟာ ဒီအစ်ကိုကို အရမ်းသတိရနေတော့ မေ့ပစ်လိုက်ဖို့၊ လွှတ်ချပစ်လိုက်ဖို့ကို အတော်ကြိုးစားနေရတာ။

Lisa ထက်မငိုတော့ဘူး။ ဒီအတိုင်း ကျောက်တိုင်ကို မှီထားရင် အစ်ကိုအတွက်ဝယ်လာတဲ့ အဖြူရောင် နှင်းဆီပန်း‌တွေကို လက်နဲ့ထိုးဆွနေမိတယ်။

"Oppa ငါ့ကို ကတိတွေ အများကြီးပေးခဲ့တာ မှတ်မိလား"
လေညှင်းလေး သူ့ကို ဖြတ်တိုက်သွားတဲ့ပုံက သွားလေသူအစ်ကိုဟာ သူ ပြောတဲ့စကားတွေကို နားထောင်နေတယ်လို့ ပြောပြနေသလိုပဲ။

"မတည်နိုင်တဲ့ ကတိတွေ မပေးပါနဲ့လို့ ငါ မပြောခဲ့ဘူးလား"
Lisa ဆက်ပြောလိုက်တယ်။

"အခု ဘယ်သူက ငါ့ကို Everest တောင်တန်းတွေဆီ ခေါ်သွားတော့မှာလဲ"
Lisa ခေါင်းခါလိုက်မိတယ်။
"အာဖရိကကို ခေါ်သွားပြီး ခြင်္သေ့တွေကို အစာအတူတူကျွေးမယ်လို့ ပြောခဲ့သေးတာ"
ဒီတစ်ခေါက်တော့ သရော်လေသံပါတယ်။

"ငါ လာလည်တဲ့အခါတိုင်း ဘာလို့ အဖြူရောင်နှင်းဆီပန်း‌တွေပဲ ယူလာလဲ သိလား။ ဘာလို့ဆို Oppa က အဖြူရောင်နှင်းဆီပန်းတွေနဲ့ပြည့်နေတဲ့ အဖြူရောင်မင်္ဂလာပွဲလေး လိုချင်‌တယ်လို့ ပြောခဲ့လို့လေ"

Lisa က သူ့လက်ထိပ်လေးတွေမှာ သွေးထွက်နေတာကိုတောင် ဂရုမပြုတော့ဘဲ နှင်းဆီပန်းတစ်ပွင့်ချင်းဆီကို ယူလိုက်တယ်။

"Oppa မကြားနိုင်မှန်းသိလို့ ဒါတွေပြောပြ‌နေတာ နားတွေကို အင်းစက်ပိုးတွေ ဘာတွေ စားသွားလောက်ပြီပေါ့"
သက်ပြင်းချလိုက်တယ်။

Home (MM Translation)Место, где живут истории. Откройте их для себя