အပိုင်း(၄)-Nini နဲ့ Lili

2.3K 151 3
                                    

[Unicode]

Home (4)


"နင့်ကို အခုထိ စိတ်ဆိုးနေတုန်းတဲ့လား.. ညှပ်ပေးပါ"
Seulgi က Jisoo ကို လှမ်းမေးလိုက်ပေမယ့် သူမရဲ့မျက်လုံးအကြည့်ကတော့ လူနာဆီက မခွာပေ။

"အေးပေါ့.. ငါမှ သူ ပိုက်ဆံအိတ်ရော ဖုန်းရော မပါလာမှန်း မသိတာကို"
Jisoo ပြန်ဖြေသည်။

"ဘာဖြစ်ခဲ့လို့လဲ" Jihyo က သူမဖတ်နေတဲ့ မဂ္ဂဇင်းကနေ မော့ကြည့်လာသည်။

"သူ အဲ့နေ့က ငါတိုက်ခန်းကိုလာတော့ ရှိရှိသမျှကို စိတ်ပျက်နေတဲ့ပုံနဲ့။ ငါလည်း ဘာဖြစ်လာလဲ မေးလိုက်တော့ ပြန်မဖြေဘူး။ ပြီးတော့ ငါတို့ ဂိမ်းကစားကြတယ်ဟာ။ သူနည်းနည်းအဆင်ပြေလာတဲ့ပုံပေါက်တော့မှ ငါထပ်မေးတော့ ပြောပြတယ်။ သူ ခပ်တုံးတုံးအကြောင်းအရင်းကြောင့် Jennie နဲ့ ရန်ဖြစ်လာတယ်တဲ့။ ငါ ကြားမဝင်သင့်မှန်း‌တော့ သိတယ်။ ဒါပေမယ့် ငါ သူကို ကိုယ့်အမှားကိုယ်ပြန်စဉ်းစားရအောင်ဆိုပြီး ငါတိုက်ခန်းကနေ ကန်ထုတ်လိုက်တာ။ နောက်နေ့ မနက်လည်းရော ငါကို 'နင်က ငါ့ အချစ်ဆုံးသူငယ်ချင်းမဟုတ်တော့ဘူး" လို့ပြောတော့တာပဲ"

Seulgi က သူနာပြုကို သူမချွေးတွေ သုတ်ပေးဖို့ပြောသည်။
"အာ.. ဒီမှာ သွေးထွက်နေတယ်" သူမကိုယ် သူမပြောသည်။

"Jennie က ဘယ်သူလဲ "
Jihyo ထပ်မေးသည်။

"သူရဲ့ မကြာခင် ဖြစ်လာတော့မယ့် ဇနီး၊ ရည်းစားအတု၊ ရန်သူတော်။ သူပြောမယ့်အပေါ်မူတည်တာပဲ"
Jisoo ရှင်းပြသည်။

"ငါ ဘာလို့ ဒီအကြောင်းကို မသိရတာလဲဟ"
Jihyo ‌မျက်မှောင်ကြုပ်သည်။

"နင်က လူတွေကို မေ့အောင်လုပ်နေတာနဲ့ မအားဘူးလေ"

"ဟဲ့ ငါက အသက်တွေကယ်တင်ပေးနေတာနော် သိလား"

"နင်က လူတွေကို အိပ်အောင်လုပ် အော်ပရေးရှင်းအခန်းထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေပြီး နင့်ရဲ့ မပြီးမဆုံးနိုင်တဲ့ ပဟေဠိတွေအဖြေရှာနေတဲ့အချိန်မှာ ငါတို့က ဒီမှာ တကယ့်အလုပ်လုပ်နေရတယ်"
Jisoo က အချက်အလက်ကို ရွတ်ပြနေသလို ပြောလိုက်သည်။

"ငါ နင်တို့ကို ခွဲစိတ်ဌာနမဟုတ်ဘဲ မေ့ဆေးဌာနကို လျှောက်ဖို့ပြောတယ်လေ.. ကိုယ်အမှားနဲ့ကိုယ်ပဲ" 
Jihyo လက်ခါပြသည်။
"ဆို‌တော့ Jennie အကြောင်းဆက်ပါဦး"

Home (MM Translation)Donde viven las historias. Descúbrelo ahora