အပိုင်း(၃၁) အပျော်လွန်နေတဲ့ Lisa

1.6K 138 11
                                    

[Unicode]

အပိုင်း(၃၁) အပျော်လွန်နေတဲ့ Lisa

ရယ်စရာတော့ ကောင်းလှ၏။ သူမ Lisa ကို သိတာ တစ်နှစ်ကျော်လေးပဲ ရှိသေးပေမယ့် ဟိုးငယ်ငယ်ကတည်းက ရင်းနှီးနေသလိုမျိုး ခံစား‌နေရသည်။

သူမ Lisa ကို ချစ်ရတဲ့ အကြောင်းပြချက် အများကြီး ထဲက တစ်ခုက သူမရဲ့ စိတ်ရင်းအတိုင်း ဆက်ဆံတက်တဲ့ ပင်ကိုယ်စရိုက်ကြောင့် ဖြစ်သည်။ Lisa တစ်ခါတစ်လေ တမင်သက်သက် ပေါကြောင်ကြောင်နေတက်ပေမယ့် များသောအားဖြင့် စကားချိုချိုလေးမပါဘဲ စိတ်ထဲမှာ ရှိတဲ့အတိုင်းသာ ပြောဆိုတက်သည်။

Jennie ဝမ်းနည်းနေတဲ့အချိန် ဒေါသထွက်နေတဲ့အချိန်မှာ Lisa မှာ ပြောစရာစကားမဲ့နေတက်ပေမယ့် သူမကို ပွေ့ဖက်ပေးထားမယ့် လက်မောင် တစ်စုံရှိသလို သူမအနားယူလို့ရမယ့် ပုခုံးလေးလည်း ရှိသည်။ Jennie ဘာပဲ ပြောချင်‌ပြောချင် Lisa မှာ နှစ်ဆယ့်လေးနာရီ ‌နားထောင်ပေးမယ့် နားရွက်တစ်စုံရှိသလို အရေးအကြီးဆုံးက Lisa နှလုံးသားက သူမရဲ့ အိမ်လေး သဖွယ် ဖြစ်‌နေသည်။

"Nini-ah" Lisa ရဲ့ လက်ချောင်းလေးတွေက သူမ မျက်နှာကို သာသာလေး ထိတွေ့လာပြီး Lisa မျက်လုံးထဲက စိတ်လှုပ်ရှားမှုတွေက Jennie ငြင်းလိုက်လေမလား ဆိုပြီး ရှာဖွေနေ၏။

"ဘာလို့ ငါ့ကိုလဲ"

Lisa မျက်နှာပေါ်မှာ အပြုံးလေး ပေါ်လာ၏။ "နင်က ငါဆီကို ရောက်လာတဲ့ အချစ်လေ Nini ရဲ့။ ငါ့ကိုယ်ငါတောင် သေချာ မပြင်ဆင်ထားရသေးခင် နင်ရောက်လာတာ။ ငါ နင်ကို သဘောကျသွားမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးပေမယ့် အခု ငါ့ကို ကြည့်ပါဦး။ ငါ နင်ကို အပြည့်အဝ မယုံကြည်နိုင်သေးခင်မှာတောင် ငါ နင်ကို ကြိုက်တယ်ဆိုတာနဲ့တင် နင် လက်ခံပေးခဲ့တာ‌လေ။ နင်ကို ချစ်မိသွားတယ်။ ငါကိုငါလည်း သဘောကျလာတယ်။ ပြောရရင် အရင်တုန်းက ငါက ငါ ဖြစ်နေလို့ သဘောကျဖို့ ခက်ခဲခဲ့ပေမယ့် နင်ကတော့ ငါဖြစ်နေလို့ လွယ်လွယ်လေး ချစ်မိသွားတယ်။ လုံးဝ အိပ်မက်လိုပဲ"

"ငါ့ကို နမ်း"

Lisa စိတ်ရှုပ်သွားသည်။ သူမက မေးခွန်းမေးထားတာကို မဟုတ်မှလွဲရော Jennie က သူမစိတ်ထဲက ပူပင်သောကကို မသိတာတော့ မဟုတ်ဘူးမလား။ သူမ ဘာလို့ ဒီအတိုင်း Yes လို့ တိုက်ရိုက်မဖြေတာလဲ။

Home (MM Translation)Where stories live. Discover now