အပိုင်း(၁၇)-(၁)ပြန်လည်ပေါင်းစည်းမှုနဲ့ တိုးတက်မှုများ

1.6K 138 0
                                    


Lisa က သူမရဲ့ စားစရာထည့်ထားတဲ့ ဗန်းကို ငွေရှင်းကောင်တာဆီ လေးလေးပင်ပင် ပျင်းပျင်းရိရိနဲ့သယ်သွားသည်။ နေ့လည်စာ စားချိန် ဝန်ထမ်း တော်တော် များများက လာသားကြတာဖြစ်တာကြောင့် စောင့်ရတဲ့လိုင်းက တော်တော် ရှည်သည်။ သူမက တချို့လူတွေကို ရှောင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ဒီ ကန်တင်းမှာ လာစားခြင်း ဖြစ်၏။ သူမက သူငယ်ချင်းတွေအပေါ်မှာ မုန်းတီးလွယ်သူ မဟုတ်ပေ။ သူမက ဒီအတိုင်း သူမကိုယ် သူမ ကုစားဖို့ အချိန်လိုနေခြင်းသာဖြစ်၏။ Jisoo ပြောတဲ့စကားတွေက သူမ တကယ် ရည်ရွယ်တာ မဟုတ်ပေမယ့် အရမ်း နာကျင်ရသည်။

သူမရဲ့ စိတ်အတွင်းမှာတော့ သူတို့ရဲ့ စိုးရိမ်မှုကို နားလည်သည်။ သူတို့က သူမအတွက် ဖြတ်သွားဖြတ်လာ မဟုတ်တဲ့ အချစ်ဆုံး သူငယ်ချင်း၊ မိသားစု‌ဝင်၊ သူမရဲ့ လူ‌ဖြစ်၏။ သူမ အရက်မူးလာတဲ့ ညတုန်းက သူတို့တွေ ဘာလာလုပ်တာလဲဆိုတာ Jennie ကို မမေးဖြစ်ပါ။ သူတို့လာ‌ပြီး ဘာဆက်ဖြစ်သွားလဲပေါ့။

သူမ မျက်ခုံးကို နိုပ်နယ်ရင်း သက်ပြင်း ချလိုက်မိသည်။

"6,500 ဝမ်ပါ ဆရာ" အရောင်းသမားက သူကို ဘယ်လောက်ကျကြောင်း အသိပေးသည်။ Lisa သူမရဲ့ ကုတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်ပြီး ကျသလောက် ပိုက်ဆံကို ပေးလိုက်သည်။

"ကျေးဇူးပါ" Lisa ပြောလိုက်ကာ ဗန်းကို ယူလိုက်ပြီး ခုံအလွတ်ကို လိုက်ရှာသည်။ ခုံအားလုံးက လူရှိနေပြီဖြစ်သည်။ အမှိုက်ပုံးနဲ့ ‌နီးတဲ့ စားပွဲကသာ လွတ်နေသည်။ သူမ လေးလေးပင်ပင် သက်ပြင်းချရင်း အဲ့ ခုံဆီ ဦးတည်လိုက်သည်။ သူမမှာ တခြားခုံ အလွတ်တွေကို စောင့်ဖို့ အချိန်မရှိချေ။

သူမ ဗန်းကို ချလိုက်ပြီး ထိုင်လိုက်သည်။ သူမ ပြည့်ခါနီးဖြစ်နေတဲ့ အမှိုက်ပုံးကို မျက်လုံးစွန်ကနေ မြင်နေရသည်။ သူမ ခွဲစိတ်ဖို့ ရှိနေပြီး အဲ့အတွက် energy သာ မလိုအပ်ဘူးဆိုရင် သူမ သေချာပေါက် စားချင်စိတ်ပျောက်သွားလိမ့်မည်။ ပြီးတော့ အနံ့အသက်က အဲ့လောက်ဆိုးနေတာ မဟုတ်ပေ။ သူမ အရင်တုန်းက ဖော်မလင်းအနံ‌တွေ ပြည့်ဝနေတဲ့ အလောင်‌းကောင်တွေဘေးမှာတောင် စားသောက်ခဲ့ဖူးသည်။ သူမ ကြောက်ဖို့ကောင်းတဲ့ မှတ်ဉာဏ်တွေကို ခါထုတ်လိုက်သည်။ မဟုတ်ရင် သူမ စားစရာတွေကို သွန်ပစ်မိတော့မည် ဖြစ်သောကြောင့်ပင်။

Home (MM Translation)Tempat cerita menjadi hidup. Temukan sekarang