အပိုင်(၈)-နာခံခြင်း

2.2K 175 3
                                    

[Unicode]

Home (8)

"ဆိုတော့... ဒီတစ်ပတ်စနေ‌နေ့ ဘာလုပ်မှာလဲ"
Jennie ဟာ ပျားလက်ဖက်ရည်ကို စားပွဲပေါ်ချလိုက်ရင်း ဆိုဖာပေါ်မှာ သက်တောင့်သက်သာ ဝင်ထိုင်ချလိုက်တယ်။ Lisa ကတော့ ကြမ်းပြင်ပေါ်ထိုင်ရင်း စာရွက်စာတမ်းလုပ်နေတာ။

"အမ်.. မပြောတက်ဘူး။ ဘာမှလုပ်စရာမရှိဘူး ထင်တာပဲ။ ဘာလို့လဲ"
Lisa က စာရိုက်တာကို ခဏရပ်လိုက်ပြီးတော့ ဘေးက အငွေ့တထောင်းထောင်းထနေတဲ့ ခွက်ကလေးကို လှမ်းကြည့်လိုက်တဲ့အချိန် အဲ့ခွက်လေးက သူကို လာသောက်ဖို့ ဆွဲဆောင်နေသလို။

"ငါ့အတွက်လား" 
သူမှာ Jennie ကို မျက်လုံးလှန်မကြည့်ရဲဘူ။ Jennie က လျော့ရဲရဲတီရှပ်နဲ့ ဘောင်းဘီတိုပဲ ဝတ်ထားတာကို။ Lisa ဟာ Jennie ရဲ့ခြေတံကို အကြိမ်အများကြီး မြင်ဖူးနေပေမယ့် မြင်သားကျသွားတာမျိုးတော့မဟုတ်ဘူး။ သူမှာ Jennie ကို ကြာကြာမငမ်းမိအောင် မနည်း စိတ်ထိန်းထားရတယ်။

"အင်းလေ။ သတိထားဦးနော် ပူနေတယ်"

"ကျေးဇူး"
Lisa ခပ်တိုတို ပြန်ပြောလိုက်ရတယ်။ ခွက်ကို နှုတ်ခမ်းဆီတို့လိုက်ရင်း အပူချိန်ကို တစ်ချက်စမ်းပြီးမှ ဖြည်းဖြည်းချင်း သောက်လိုက်တယ်။

"ဝိုး တကယ်အရသာရှိတယ်"
Lisa က Jennie ဘက်ကို မျက်နှာလိုမျက်နှာရ ပြုံးဖြီးဖြီးလုပ်ရင်း ချီးကျူးလိုက်တယ်။

"နင် ကြိုက်တယ်ပေါ့ "

"ကြိုက်တာပေါ့"
Lisa နောက်တစ်ငုံ ထပ်သောက်တယ်။ အေးစိမ့်စိမ့် ရာသီဉတုမှာ သောက်စရာတစ်ခုရှိမှသာ ပြီးပြည့်စုံတာလေ။ 

"ဝိုး နင် ဒီတစ်ကြိမ်တော့ ရိုးသားသား‌ပြောတယ်‌နော်။ ငါ ဖန်တီးထားတာက အရမ်းမိုက်တယ်ဆိုတဲ့အမှန်တရားကို ဝန်မခံရအောင် စိတ်ညစ်တဲ့အမူအရာ မလုပ်ပြတော့ဘူးလား" 

Lisa ဟာ Jennie ကို အချိန်အကြာကြီး  မျက်မှောက်ကြုတ်ရင်းကြည့်နေတာ။
"ပါးစပ်ပိတ်ထားစမ်းပါ"
နောက်ဆုံး ဆူပုတ်ပုတ်နဲ့ပြောလိုက်တော့ Jennie လည်း ထရယ်တော့တယ်။

"နင် အကြောင်းပြချက်ပေးတော့မယ်ထင်နေတာ။ အကြံကုန်သွားတာမလား"
Jennie ကတော့ မမောနိုင်မပန်းနိုင်ကို တဟားဟားဆက်ရယ်နေတုန်းပဲ။

Home (MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ