အပိုင်း(၁၇)-(၂) နား‌ေထာင်ပေးရမလား

1.3K 123 2
                                    


အိမ် တံခါး ဘဲလ်ကို တီးနေတဲ့ လူကို သွားကြည့်ဖို့ Lisa ဆိုဖာပေါ်ကနေ ထလိုက်သည်။ အစက သူမ လျစ်လှူရှ ထားပေမယ့် တံခါးရှေ့က လူက ဘဲလ် တီးမြဲ တီးနေပြီး Jennie ကလည်း မြေပြိုတာတောင် ထမယ့်ပုံ မပေါ်ပေ။

"လာပြီလို့" သူမ အော်ပြောလိုက်သည်။

သူမ တံခါးဖွင့်လိုက်တော့ တိုက်ခန်းရဲ့ အစောင့် ဖြစ်တဲ့ ဦးလေးကြီးက ရင်ဘက်မှာ ‌သေတ္တာဘူးအကြီးကြီးကို ပိုက်ပြီး ရပ်နေသည်။

"Ms. Lisa အတွက် လက်ဆောင် ရောက်နေပါတယ်" ထိုဦးလေးကြီးက သူမကို ဘူးကမ်းပေးလိုက်သည်။ 

"အမ် ဘယ်သူ့ဆီကလဲ" သူမ မေးသည်။

"ကားမောင်းသမားက လာပေးတာပါ Miss အထဲမှာ စာပါတယ် ပြောတယ်။ သူ တခြားတော့ ဘာမှ မပြောဘူး"

"ဟုတ်ကဲ့ပါ ကျေးဇူးနော် ဦးလေးကြီး" ဦီးလေးကြီး ပြန် ထွက်သွားပြီး Lisa ကတော့ အထဲမှာ ဘာပါမလဲ သိချင်နေသည်။

"ဘယ်သူလဲ" Lisa တစ်ခုခု ကိုင်လာတာ မြင်တော့ Jennie မေးခွန်းထုတ်၏။ "ဘာကြီးလဲ"

"ကြည့်ကြတာပေါ့။ ဦးလေးကြီးလည်း ဘယ်သူပို့လိုက်မှန်း မသိဘူး" Lisa စက္ကူပတ်ကို ခွာလိုက်ပြီး ရင်းနှီးနေတဲ့ လက်ရေးနဲ့ ကတ်တစ်ခုတွေ့သည်။

Happy Birthday Sweet Heart

ဒါ သမီးငယ်ငယ်တုန်းက အကြိုက်ဆုံး အရုပ်တွေလေ။ စိတ်ကူးကူးရင်း ကစားနေတုန်းက သမီးက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလဲဆိုတာ မှတ်မိနေတုန်းပဲ။ သမီးလေး ပျော်ပါစေ‌နော်။

မကြာခင် တွေ့ကြတာပေါ့။

-အချစ်များစွာနဲ့ ‌အမေနဲ့အဖေ

Lisa အော်ဖတ်လိုက်သည်။ Lisa ကတ်ကို Jennie ကို ပေးကာ ဖတ်စေ၏။

"ပုံမှန် မွေးနေ့လက်ဆောင် ပို့လေ့ မရှိပါဘူး" Lisa ရေရွတ်လိုက်သည်။

"ဘာလို့လဲ"

"ဘာလို့ဆို သူတို့ကို မပို့ပါနဲ့လို့ ပြောထားလို့လေ" သူမ ပြန်ဖြေသည်။

"ပြီးတော့ ငါမွေးနေ့က တစ်လတောင် ‌ကျော်နေပြီကို"

"ငါ ဒီနေ့ နင့်အမေနဲ့တွေ့ခဲ့တယ်။ သူ Singapore ကို မသွားခင် နေ့လည်စာအတူတူ စားခဲ့သေးတယ်" Jennie ပြောပြသည်။ "ပြီးတော့ ငါတို့ မွေးနေ့‌လေး လုပ်ဖြစ်တယ်ဆိုတာ ပြောလိုက်မိတယ်ထင်တယ်" သူမ အပြစ်ရှိသလို ပြုံးပြသည်။

Home (MM Translation)Место, где живут истории. Откройте их для себя