အပိုင်း(၃)-သုံးရာ ခြောက်ဆယ့်နဲ့ သုံးရက်အတွင်း ကံဆိုးမှုလား

2.3K 161 4
                                    

[Unicode]

အပိုင်း(၃)

နောက်နေ့မနက်မှာတော့ Lisa ဟာ မျက်ခွံကို နေရောင်ထိုးလာတယ်လို့ တစ်ဖြည်းဖြည်းခံစားလာရတော့မှ အိပ်ရာထသည်။ ခပ်ကျယ်ကျယ် သန်းဝေလိုက်ပြီး အိပ်ချင်မူးတူးနဲ့ မျက်လုံးကို ပွတ်လိုက်တယ်။

စားပွဲခုံပေါ်မှာ တင်ထားတဲ့ ဖုန်းကို လှမ်းယူလိုက်ကာ စခရင်ပေါ်မှာ ကပ်ထားတဲ့ note ကိုလည်း ခွာယူပြီးဖတ်လိုက်၏။

အရေးကြီးအစည်းဝေးရှိလို့.. ဒါက ငါ့ဖုန်းနံပါတ်။
နင့်ဝယ်ရမယ့်စာရင်းပို့ပေးလိုက်နော်.. ငါအလုပ်ပြီးတာနဲ့ ဝယ်ခဲ့မယ်.. မီးဖိုချောင်မှာ မနက်စာတင်ထားခဲ့တယ်
-Jennie

မနက် 7:23 ပဲရှိသေးပေမယ့် Jennie က အစောကြီး အလုပ်သွားခြင်းဖြစ်သည်။

Lisa ဆိုဖာပေါ်က ထပြီး ခြေဆန့်လက်ဆန့်လုပ်ရင်း မီးဖိုခန်းကို သွား၏။ အိမ်ချက်အနံလေးရတဲ့အခါ ပိုပိုသာသာပြုံးလိုက်ရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ စတင်စားသောက်တော့သည်။ Jennie လက်ရာက တကယ်အရသာရှိလှ၏။ သို့ပေမယ့် Lisa ကတော့ Jennie ကို မချီးကျူးမိအောင် စိတ်ထဲမှတ်ထားရတယ်။ အစားအသောက်စားနေတုန်း ဝယ်ချင်တဲ့ စာရင်းကို စာရိုက်ရင်း Jennie ကို ပို့လိုက်သည်။

Lisa အခန်းထဲပြန်ဝင်လိုက်တဲ့အချိန် မရင်းနှီးတဲ့ ရေမွှေးအနံ့က သူမကို ကြိုဆိုနေသည်။ Vanilla ရေမွှေးအနံဖြစ်ကာ Lisa အကြိုက်ဆုံးအနံ့လည်း ဖြစ်တယ်။ အနံက ကောင်းလိုက်တာ။ အိပ်ရာကတော့ ညတုန်းက ဘယ်သူမှ မအိပ်ထားတဲ့အတိုင်း ရှင်းလင်းနေတာ။ Lisa က တာဝါကို ယူပြီး ရေစချိုးသည်။ မနက်ခင်းလုပ်ရိုးလုပ်စဉ်တွေလုပ်ပြီးတဲ့အခါ ဆေးရုံမသွားခင် နာရီဝက်လောက် အချိန်ပိုရသေး၏။ တခြားဘာမှလည်း လုပ်စရာမရှိတာနဲ့ Lisa လည်း အခန်းမီးပိတ်ပြီး အလုပ်သွားဖို့ လုပ်တော့သည်။

"Lisa-yah"
Lisa ခြေလှမ်းတွေ ရပ်လိုက်တော့ Jisoo က သူ့ဆီပြေးလာသည်။
"နင် ဘာဖြစ်လာတာလဲ.. အစောကြီးတွေရောက်လို့" သူမမေးသည်။

"ဘာလဲ.. ငါစောစောလာလို့မရဘူးလား.. နင်ပျော်နေသင့်တာ.. ငါ တိုးတက်လာတာလေ"

Home (MM Translation)Donde viven las historias. Descúbrelo ahora