[Unicode]
"ဒေါက်တာ၊ မြန်မြန်သူ့ကိုစမ်းသပ်ကြည့်ပေးပါ၊ သူပြောနေတာတွေက တစ်ခုခုလွဲနေတယ်"
စမ်းသပ်မှုက ကြာညောင်းပြီး ယာဉ်ထိန်းရဲတွေရဲ့ အလုပ်ရှုပ်သည့်အချိန်ဇယားကြောင့် ကျောင်းချီက သူတို့နှစ်ယောက်ကို ကော်ရစ်တာဆီခေါ်လာခဲ့သည်။ သူက smart brainကိုဖွင့်ကာ ကားမှောင်းမှတ်တမ်းနှင့် ချိတ်ဆက်လိုက်သည်။
ပုံရိပ်ယောင်မျက်နှာပြင်က ပေါ်လာပြီး ကားမတော်တဆမှုမဖြစ်ခင် ၁၀မိနစ်ကိုပြန်ရောက်သွားလေသည်။ ထိုအချိန်တွင်မြင့်မားသောလမ်းများပေါ်တွင် ယာဉ်ကြောများပိတ်နေကာ ကား၏ လှုပ်ရှားမှုက အင်မတန်နှေးကွေးနေခဲ့သည်။
"နောက်ထပ်ညစာစားပွဲလာပြန်ပြီ!"
ဗီဒီယို၏နောက်ခံတွင် ကျန်းချန်ဖေး၏ အသံကြားနိုင်ကာ အတော်လေးစိတ်မကျေနပ်နေသည့်ပုံပင်။ ကျောင်းချီမှာ ထိုချိန်က သူ့ကို စာတစ်စောင်ပို့ခဲ့ကြောင်း အမှတ်ရသွားသည်။
သူက ညနေခင်းတွင် ညစာပါတီတစ်ခုရှိ၍ အိမ်ကို၁၀နာရီမှပြန်ရောက်လောက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ဒီလူက သူ့ကိုဖြေဖို့အတွက်နဲ့တော့ မတော်တဆမှုကို ရှောင်လွဲလို့မရဘဲ ကြုံသွားတာတော့မဟုတ်ဘူးမလား။
"တခြားမိသားစုတွေရဲ့ ချစ်ဇနီးလေးတွေက အိမ်မှာထမင်းဟင်းချက်ပြီး သူတို့ခင်ပွန်းပြန်လာမှာကို စောင့်နေလောက်ပြီ၊ မင်းကတော့ ငါ့ဆီလာဖို့အိမ်ပြန်လာမဲ့အစား အဲဒီညစာပါတီကိုပဲသွားမှာ၊"
သူ့မကျေနပ်ချက်များကို ရေရွတ်ပြီးနောက် ကျန်းချန်ဖေးက"
"သိပြီ"ဆိုသော အင်မတန်ခံစားချက်ကင်းမဲ့လွန်းသည့် ပြန်စာတစ်စောင်ပို့ကာ ဖုန်းကိုပိတ်လိုက်သည်။"လူးဝစ်(စ်) ဆယ့်သုံး၊ နားထောင်စရာ ဝတ္တုတစ်ပုဒ်လောက်ရှာပေး"
တစ်ယောက်တည်းတွေးမိတွေးရာပြောနေသောပုံစံက သမာရိုးကျနေ့ရက်များအတွင်း ဥက္ကဌကျန်း၏ လူသိရှင်ကြားပုံရိပ်နှင့် မအက်စပ်လှပေ။ ပတ်ဝန်းကျင်အခြေအနေမှာ အနည်းငယ်နေရခက်တော့မည်ဆိုတာသိ၍ ယာဉ်ထိန်းရဲက တာဝန်ကျေစွာမေးပေးလိုက်သည်။
"လူးဝစ်(စ်) ၁၃ကဘယ်သူလဲဗျ၊"
YOU ARE READING
My Lover With Split Personalities [မြန်မာဘာသာပြန်]
RomanceStart Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတိုက်သည့်အရှိန်ကြောင့် ကမ္ဘာအစစ်၏ သူ့ဦးနှောက်သိမြင်နားလည်နိုင်မှုမှာ မတော်တဆမှုမတိုင်ခင်တုန်းက ဖတ်နေ...