၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ

2.2K 470 17
                                    

[Unicode]

နောက်တစ်နေ့ မနက်တွင် မစ္စတာရှူးဂါးဒယ်ဒီသည် ကြည်လင်စွာ နိုးထလာခဲ့သည်။ ရင်ခွင်ထဲ အိပ်ပျော်နေသော ချစ်ဇနီးလေးကို ကြည့်ပြီး ကျေနပ်မှုအပြည့်ဖြင့် နှုတ်ခမ်းများသပ်လိုက်သည်။

"ငါ့ကို ပါးပါးလို့ခေါ်စမ်း"

"သွားစမ်းပါ"

"ပါးပါးလို့ခေါ်မှာလား မခေါ်ဘူးလား

"အာ့..."

ပါးပါးဟုခေါ်ရန် ပြောသော်ငြား အငြင်းခံရပြီး အကိုက်ခံရသည်။ ထို့နောက်တွင်တော့ ကျန်းချန်ဖေး သူငိုသည်အထိ အနိုင်ကျင့်ခဲ့သည့်တိုင် ပါးပါးဟုခေါ်သံ မကြားရသေးချေ။ ညည်းနေသော်ငြား စိတ်ပိုင်းဖြတ်ထားသော မျက်နှာပေါ်မှ အကြည့်၊ မျက်ရည်များဝဲနေ‌သည့် မျက်ဝန်းလှလေးများ၊ ချွန်မြသော သွားတက်ကလေးကို ပြန်စဉ်းစားမိတော့ ကျန်းချန်ဖေး... အဟွတ် အဟွတ်။ 

လက်တစ်ဖက်ဖြင့် ခေါင်းကိုထောက်ထားပြီး ဂွမ်းစောင်အောက် အခြားလက်တစ်ဖက်ကို  ဇွတ်တရွတ်နိုင်စွာ လှုပ်ရှားတော့သည်။

သိပ်မကြာခင်ပင် ကျောင်းချီမှာ သူ့ကြောင့်နိုးလာတော့၏။ လက်သရမ်းနေသော ထိုလက်ကိုရိုက်ကာ သမ်းဝေရင်း မျက်လုံးဖွင့်လိုက်သည်။
"အစောကြီးရှိသေးတာကို၊ ဘာတွေ လျှောက်ပြီး ပွေနေတာလဲ"

"ဟာ့ မင်းအဆင်ပြေပြေအိပ်ခဲ့တာပဲ မဟုတ်လား"
သူ့ချစ်ဇနီးလေးက သိပ်ကို အထက်စီးဆန်နေသည်ကိုမြင်တော့ သူ မနေ့ညက ရုတ်ချည်းသံသယကို ရုတ်တရက်သတိရသွားခဲ့သည်။ တဖြည်းဖြည်း သူ့မျက်နှာက မာကြောလာတော့၏။
"မနေ့ညက... မင်းရဲ့ပထမဆုံးအကြိမ် မဟုတ်ဘူးမလား"

"ဟာ့?"

သူတို့ အိပ်လာခဲ့ကြသည်မှာ ၇နှစ် ရှိနေပြီ။ ပထမဆုံးအကြိမ်က ပြီးသွားတာ ကြာလှပြီပေါ့!

"ပြီးရော၊ ငါသိသားပဲ!"
သူကတော့ဖြင့် အဖူးလေးများ ပွင့်ဖူးရန် အသင့်ဖြစ်နေသည့် ဒေစီပန်းပွင့်လေးများကဲ့သို့ ကောင်လေးတစ်ယောက်လောက် ဝယ်ချင်မိခဲ့သည်။ သို့သော်ငြား ငပွေကလေးဖြစ်နေခဲ့၏။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now