၁၃ ။ အစားထိုးချစ်သူ

3.9K 853 47
                                    

[Unicode]

ကျောင်းချီ ရွေးစရာမရှိတော့ဘဲ ကျောင်းယူနီဖောင်းကို ဝတ်လိုက်ရတော့သည်။ သူ အင်္ကျီဝတ်ဆင်စ တံတောင်ဆစ်တွင် ချိတ်နေရုံရှိသေး ရုတ်တရက် အရှိန်တစ်ခုဖြင့် ဆွဲချခံလိုက်ရလေသည်။ ဒီလူကျန်းတာ့တျောင်းတွင် ဤကဲ့သို့ဆိုးရွားလှသည့် အကြိုက်ရှိမယ်မှန်းမထင်ခဲ့ပေ။ သူက ဒီလိုမျိုး  အလွယ်တကူစိတ်လှုပ်ရှား​လေသည်။

"ငါ့ကို စီနီယာလို့ခေါ်"

"..."

သူတို့တွေ role play လုပ်ကြတော့မို့လား။

"..."

ကျောင်းချီ စကားပြောရန် ပါးစပ်ဟလိုက်သော်ငြား တစ်လုံးမှပြောမထွက်ပေ။ ဤကောက်ကျစ်လှသည့်လူက သူ့ကို အလွှတ်ပေးရန် ငြင်းဆန်သည်။ အဆုံးတွင်တော့ အတင်းဖိအားပေးခံရပြီး သူ့ကို 'စီနီယာ'ဟု ခေါ်လိုက်ရကာ အပြန်အလှန်အနေဖြင့် ပို၍တောင်စိတ်လှုပ်ရှားသွားသော လောင်ကုန်းက အားသွန်ခွန်စိုက်ဖြင့် အချစ်ဖန်တီးတော့သည်။ သူ့ဒီခါးက ဘာမှမလုပ်နိုင်​တော့ဘဲ အလျှော့ပေးခဲ့ရတော့၏။

နောက်တစ်နေ့မနက်တွင် smart brain အရံပစ္စည်းအသစ်များ ရောက်လာခဲ့၏။

လူးဝစ်(စ်) ဆယ့်သုံးမှာ ပြင်နေဆဲဖြစ်သော်ငြား သူ ဥက္ကဌလူကြီးမင်းကို ရှေးခေတ်ကလူများအတိုင်းနေစေလို့မဖြစ်ပေ။ ထို့ကြောင့် သာမန်လူအများအပြား အဓိကသုံးကြသည့် တစ်ခုကိုသာဝယ်လာခဲ့သည်။ ဥက္ကဌလူကြီးမင်း၏ ဦးနှောက်သည် ဇဝေဇဝါဖြစ်သည့်အခြေအနေတွင် ရှိနေသေးပြီး လွယ်လင့်တကူ နေသားကျနိုင်မည်မဟုတ်၍ ဝယ်လာခဲ့သော smart brainအသစ်မှာ ကလေးစနစ်နှင့် အရံပစ္စည်းများကိုသာသုံး၍ရနိုင်သည်။

ကလေးများအတွက် ဒီဇိုင်းဆွဲထားသည့် smart brainကိုသုံးခြင်းတွင် ကန့်သတ်ချက်များစွာရှိသည်။ ဥပမာအနေနှင့် ဂိမ်းတစ်ခုကို နှစ်နာရီသာဆော့နိုင်သည်။ အသုံးပြုသူမှာ ဆင်ဆာတားထားသော ဒါမှမဟုတ် သွေးထွက်သံယိုများပြားလှသော ဝက်ဘ်ဆိုက်များတွင် မွှေနှောက်ရှာဖွေ၍မရပေ။ တိုက်ရိုက်အစီအစဥ်ထုတ်လွှင့်တင်ဆက်သူများကို ဆုပေး၍မရသည့်အပြင် အခြားအရာများလည်းရှိသေးသည်။ ဒါပေမဲ့ ဖုန်းဖြေခြင်းနှင့် အီမေးလ်ပို့ခြင်းများကဲ့သို့သော အခြေခံလုပ်ဆောင်ချက်များတော့ရှိသေးသည်။ ပြီးတော့ မဆိုစလောက် ငွေကြေးပမာဏ ပေးချေမှုများကိုလည်း မကန့်သတ်ထားပေ။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now