၃။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)

7K 1.4K 51
                                    

[Zawgyi]

ကျောင်းချီ တစ်မနက်လုံး ကျန်းချန်ဖေးနောက် အနီးကပ်လိုက်ပြီး ဘေးကနေစောင့်ကြည့်နေမိသည်။ အံ့သြဖို့ကောင်းစွာပင် ဥက္ကဌမှာ သူတို့ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးနှင့် ခံစားချက်ပိုင်းဆိုင်ရာ ဖြေရှင်းမှုတွင် ထင်ရာမြင်ရာများရှိနေသော်ငြား လုပ်ငန်းကိစ္စဆောင်ရွက်ရာတွင်မူ ပြဿနာများများစားစား မရှိပေ။ ဒါကိုသိသွားတော့ သူ အတော်လေး စိတ်အေးသွားခဲ့သည်။

"နေ့လယ်ကျ ငါနဲ့အတူ တစ်နေရာလိုက်ခဲ့"
နေ့လယ်စာစားပြီးနောက် ကျောင်းချီက ကျန်းချန်ဖေးကို ကားထဲ ဆွဲခေါ်သွားလေသည်။ သီးသန့်ဒေါက်တာဆီ ခေါ်သွားဖို့ပင်ဖြစ်၏။

အစိုးရဆေးရုံများ၏ ဆေးဝါးဝန်ဆောင်မှုများမှာ အပေါ်ယံမျှသာဖြစ်၍ လူချမ်းသာများက ပုံမှန်သူတို့၏ သီးသန့်ဒေါက်တာများ ထားတတ်ကြသည်။ ဒီ သီးသန့်ဒေါက်တာအများစုက ဆေးရုံကနေထွက်ကာ ကိုယ်ပိုင်ဆေးခန်းများ ဖွင့်တတ်ကြသည်။ သူတို့၏ အခကြေးငွေက မြင့်လွန်းသော်ငြား သက်ဆိုင်ရာ ဆေးပညာအရည်အချင်းကလည်း အထူးကောင်းမွန်သည်။

"ဘယ်ကိုလဲ"
သူ့ကိုခပ်တင်းတင်းဆုပ်ကိုင်ထားသည့် လက်ကိုခါချရင်း ကျန်းချန်ဖေးက အပြုံးမမည်သော အပြုံးဆင်မြန်းကာ ကားနှင့်၃ လှမ်းအကွာတွင် ရပ်သွားသည်။ သူ့အပြုအမူက အတော်လေးခွတီးခွတနိုင်သည်။

သိသာသည်ကတော့ ကျန်းချန်ဖေးသာ သူ့ကိုလုံလောက်သည့် အကြောင်းရင်းမပေးနိုင်လျှင် နောက်တစ်စက္ကန့်အတွင်း မျက်နှာလွှဲသွားတော့မည်။
"အကြွေးပေးဖို့လေ" ကျောင်းချီ သူပြဿနာရှာမည်ဆိုး၍ သေချာမတွေးတောဘဲ ချော့လိုက်သည်။

ကျန်းချန်ဖေးက သရော်ပြုံးပြုံးကာ သူ့ချစ်ဇနီးလေးကို လှမ်းဆွဲဖက်လိုက်သည်။ ဇနီးအားရင်ခွင်ထဲ ဆွဲသွင်းကာ သူ့ပွေ့ဖက်မှုထဲ ချုပ်ထားလေသည်။

သူ့လက်နှစ်ချောင်းက သိမ်မွေ့နူးညံ့ပြီး ကြည့်ကောင်းလှသော မေးစေ့လေးကိုညှစ်ရင်း ကျောင်းချီနားဆီ ကပ်လာကာ ရက်စက်စွာ တီးတိုးရွတ်လေသည်။
"ငါမင်းကိုပြောပြီးသားလေ၊ မင်းကိုယ်ဝန်မရခင် မင်းအဖေ အကြွေးတစ်ကျပ်တောင် မကျေဘူးလို့"

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now