၂၁ ။ ဟက်စကီး အချစ်

3.2K 672 26
                                    

[Unicode]

​နောက်တစ်​နေ့တွင် ကျန်းချန်​ဖေးသည် သူ့ချစ်ဇနီး​လေးကို အလုပ်လိုက်ပို့ရန် သူ့‘စစ်ရထား’ဖြစ်သည့် Maybach ကားဖြင့်သွားဖို့ မရမက​တောင်းဆို​သေးသည်။

"အလုပ်ဆင်းချိန်ကျ ငါ ရှီး​ဖေးနည်းပညာဆီ သွားပြီး အိမ်ကို Maserati နဲ့ ပြန်​မောင်းလာလိုက်မယ်၊ အဲ့လိုဆို မနက်ဖြန်အလုပ်လိုက်ပို့စရာမလို​တော့ဘူး"
အိမ်မှပါ့​ကျောင်းအ​ဆောက်အဦးနှင့် ရှီး​ဖေး နည်းပညာသို့ လမ်းများသည် ဆန့်ကျင်ဘက်အရပ်ဖြစ်သည်။ ​ကျောင်းချီ သူ့အားလိုက်ပို့​ပေးခြင်းဖြင့် ကျန်းချန်​ဖေး၏ အချိန်ကိုမနှောင့်နှေးစေချင်ပေ။

သူတို့ကိုယ့်ဘာသာ အလုပ်သွားဖြစ်ခဲ့ကြသည်။ လွန်ခဲ့သည့် ၇နှစ်တာကာလပတ်လုံးလည်း ဤကဲ့သို့သာဖြစ်ခဲ့သည်။
ထူးထူးခြားခြား​နေ့မှသာလျှင် အလုပ်ဆင်းပြီး​နောက် တစ်ယောက်က သူ့နှလုံးသားအသက်တစ်ဝက်ကို သွားကြိုမည်ဖြစ်သည်။ သို့​ပေမဲ့ အချိန်အများစုတွင် အမြဲအလုပ်ရှုပ်​နေ​သော​ကြောင့် သီးခြားစီသာ အလုပ်ကိုသွားပြီး အိမ်ပြန်လာတတ်ကြသည်။

"မဖြစ်နိုင်တာ" ကျန်းချန်​ဖေးက တစ်ခဏစဥ်းစား​သော်ငြား အကြံကိုပယ်ချလိုက်​သေးသည်။
"ကိုယ်မင်းကို တစ်​ယောက်တည်းထားခဲ့ရမှာ စိတ်မချဘူး"

"ငါ့မှာလက်​တွေ​ခြေ​တွေမပါတာမှ မဟုတ်တာ၊ ခင်ဗျားအချိန်ကို ဖြုန်းတီးရာပဲကျလိမ့်မယ်၊ မနက်ပိုင်းအစည်းအ​ဝေးတွက် ခင်ဗျားလည်း အလုပ်ကို​စော​စော​ရောက်ဖို့လိုတယ်"

သူတို့အိမ်ထောင်သက်အစပိုင်း၌ ကျန်းတာ့​တျောင်းသည် သူ့ကိုအလုပ်ဆီ လိုက်ပို့ချင်​သော်လည်း ​ကျောင်းချီက တန်းငြင်းခဲ့သည်။ ကျွမ်းကျင်​သောဥက္ကဌ​ကျောင်းသည် ထိုသို့အသုံးမဝင်​​သောစီစဥ်မှုမျိုးကို လက်မခံနိုင်​ပေ။
"ဟင့်အင်း က​လေး​လေး၊ ကိုယ်မင်းကိုအလုပ်လိုက်ပို့ဖို့ထက် တခြားဘယ်အရာမှ အ​ရေးမကြီးဘူးလေ" 

Maybach ကား ပါ့​ကျောင်းအ​ဆောက်အဦးသို့ ဆိုက်​ရောက်ချက်ချင်း ​ကျောင်းချီ ကား​ပေါ်မှ ဆင်းရန် တံခါးဖွင့်ကာ ခြေနှစ်လှမ်းသုလှမ်းရ‌သေး ရုတ်တရက် ကျန်းချန်​ဖေး၏ ပြန်ဆွဲ​ခေါ်ခြင်းကိုခံလိုက်ရသည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now