[Unicode]
ကျန်းချန်ဖေး အိမ်သာဆီ ထွက်ခဲ့သည်။
ဒါက အတော်အသင့် ပြည့်စုံသော အသားကင်ဆိုင်ဖြစ်သော်ငြား အိမ်သာ အခြေအနေများကတော့ စိတ်မကျေနပ်စရာပင်။ ထူးဆန်းသော ကျပ်ခိုးနှင့် မီးခိုးနံ့များ အပြည့်ဖြစ်နေသည်။ ဘယ်တော့မှ သန့်ရှင်းထားပုံမရသည့် အရည်အသွေးနိမ့် အုပ်ချပ်များပေါ်တွင် ဆီများပေနေပြီး ပုံစံတစ်မျိုးဖြင့် ကြွေရောင်ထနေစေသည်။
ဘီယာနှစ်ပုလင်းတည်းနှင့် ဥက္ကဌမှာ မမူးသင့်ပေ။ သို့တိုင် ကျန်းချန်ဖေး အနည်းငယ် ရီဝေဝေဖြစ်နေသည်။
သူ ဘေစင်ဆီ လျှောက်လာပြီး လက်ဆေးရန်ပြင်နေတုန်း ရုတ်တရက် ခြေယိုင်သွားပြီး ဘေစင်ဘေးမှ အမှိုက်ပုံးကြီးထဲ ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့သည်။
"လူကြီးမင်း၊ အဆင်ပြေရဲ့လားဗျ"
အစားအသောက် အကြွင်းအကျန်များကို အမှိုက်ပုံးထဲ လာရောက်စွန့်ပစ်နေသည့် ဝိတ်တာလေးက မြင်သွားပြီး လက်နှီးစုတ်တစ်ထည်ကို ကိုင်လျက် သူ့ကို ထောက်ပေးရန် ရှေ့သို့တိုးလာခဲ့သည်။ ထို့ကြောင့် အမည်းရောင်လက်ရာကြီးတစ်ခုမှာ ဥက္ကဌ၏ ဖြူဖွေးစွတ်နေသော ရှပ်ပေါ်တွင် အရာကြီးထင်သွားခဲ့တော့သည်။ကျန်းချန်ဖေး ဘေစင်ကို မှီထားပြီး လက်ကိုယမ်းပြလိုက်ကာ ဝိတ်တာလေး သူ့ရှပ်ကို စွန်းအောင်လုပ်သည့် ကိစ္စအား ဂရုမစိုက်ကြောင်း ပြလိုက်သည်။
သူ့မျက်နှာကို ရေအေးဖြင့် ပက်လိုက်ပြီးနောင် ချက်ချင်း အမူးပြေသွားတော့သည်။ သူ မှန်ကို တစ်အောင့်အကြာထိ မျက်နှာသေဖြင့် ကြည့်နေပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်နှာပေါ်မှ အသွေးအရောင်မှာ ချက်ချင်းခြစ်ခြစ်တောက်နီရဲနေသည့်ပုံအဖြစ် ပြောင်းလဲသွားခဲ့သည်။
တဖြည်းဖြည်း သဘောပေါက်လာချိန်တွင်တော့ လှည့်ပြီး သီးသန့်အခန်းဆီ အလျင်အမြန် ပြန်လျှောက်လာခဲ့သည်။ သူ အနားနီးလာလေ အထဲမှရယ်သံများကို ကြားရလေပင်။
YOU ARE READING
My Lover With Split Personalities [မြန်မာဘာသာပြန်]
RomanceStart Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတိုက်သည့်အရှိန်ကြောင့် ကမ္ဘာအစစ်၏ သူ့ဦးနှောက်သိမြင်နားလည်နိုင်မှုမှာ မတော်တဆမှုမတိုင်ခင်တုန်းက ဖတ်နေ...