၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

2K 379 55
                                    

[Unicode]

"ပြီးတော့ခင်ဗျားက" ကျောင်းချီ မေးလိုက်သည်။ သူ့မျက်နှာသည် လုံးဝကို မျက်နှာသေဖြစ်နေ၏။

"ဒီနာမည်ကိုမှတ်ထား၊ လောကကြီးထဲ အငြိမ့်ညောင်းဆုံးနာမည်ပဲ" ထိုလူက သူ့ဘာသာ ခပ်အုံ့အုံ့ရယ်နေသည်။ သူ လူငယ်လေး၏ နားသံသီးလေးကို ခပ်ဖွဖွလေး နမ်းလိုက်သည်။
"တိအောင်း.. နီကိုလတ်စ်.. ကျန်းပဲ" သူက တစ်လုံးချင်းစီကို ဖိရွတ်ပြီး တစ်လုံးစီကြားတွင် ဒရမ်မာဆန်ဆန်ပင် ရပ်လိုက်သေးသည်။

"..."

သူ့မှာ အခု အလယ်နာမည်တောင် ရှိနေပြီလား။ ဒါကရော ဘယ်ကရောက်လာတာလဲ! ကျောင်းချီ သူ့ Smart Brain ကို တီးတောက်ကြည့်လိုက်သော်ငြား အန်နာကလည်း ဒီနာမည်ရင်းမြစ်ကို မသိကြောင်း အရိပ်အယောင်ပြလေသည်။ တိအောင်းနီကိုလတ်စ်ကျန်းဆိုသည့်နာမည်ကို မဟုတ်ကဟုတ်က ပေးထားခြင်းဖြစ်ဖို့က ဖြစ်နိုင်ချေအင်မတန်များသည်။ သို့သော်ငြား သူ့ကိုယ်သူ "ငါဘုရင်" ဟု အမည်တပ်ပြီး "အစာကျွေး" သည်ဟု ဆို၍ စာအုပ်သည် အတော်လေးမူမမှန်သည့် တစ်စုံတစ်ရာဖြစ်လိမ့်မည်။

ခုလေးတင် အလုပ်ဆင်းလာသည့်ပါ့ကျောင်းကုမ္ပဏီဝန်ထမ်းများမှာ သူတို့ဘော့စ်နှစ်ယောက်၏ လူမြင်ကွင်းအလယ် ခွေးစာကျွေးမှုများအပေါ် အရေထူနေချေပြီ။ သို့သော်ငြား ထီးကိုင်ထားသည်က ဘာအဓိပ္ပါယ်လဲတော့မသိ။


"ချလပ်!" ဝန်ထမ်းကိုယ်တိုင်များကတော့ ဓာတ်ပုံမရိုက်ရဲသော်ငြား ဖြတ်သွားဖြတ်လာတစ်ယောက်ကတော့ ရိုက်သွားလေသည်။ ကင်မရာအလင်းရောင်က မစ္စတာတိအောင်းမျက်လုံးများကို စူးသွားစေပြီး အင်မတန်မကျေမနပ်ဖြစ်သွားခဲ့သည်။


"မင်းသေချင်နေပြီလား" ကျန်းချန်ဖေး အန္တရာယ်ပြုမည့်ဟန် ပြောပြီး ထိုမောင်ကံဆိုးဖြတ်သွားဖြတ်လာအား မျက်လုံးမှေးကြည့်လိုက်သည်။

တုံးအလိုက်တဲ့လူသားတွေပဲ။ အဲ အလင်းရောင်စူးတဲ့ ကိရိယာနဲ့ မျက်စိကျိန်းအောင် လုပ်ရဲတယ်ပေါ့လေ!

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now