[Zawgyi]
အိမ်တော်ထိန်းမှာပိုအံ့သြသွားကာ ကျောင်းချီဘက် သိလိုစိတ်ဖြခေါင်းလှည့်ကြည့်လာသည်။
အခုတော့ ကျောင်းချီ ရန်စခံလိုက်ရသလိုပင်။ သူကမျက်ခုံးပင့်ကာ မေးစေ့ကိုမော့လိုက်သည်။
"သွားပြီး ရှင်းပေးလိုက်ပါ "အရာအားလုံးကို ဥက္ကဌ၏ဆန္ဒအတိုင်းစီစဉ်ပြီးဒါက မစ္စတာတိအောင်း ကို အင်မတန်ကျေနပ်သွားစေသည်။
ညဉ့်သန်းခေါင်ယံတွင် အိမ်ရှေ့၌
မစ္စတာတိအောင်းသည် သူ၏ နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း နေရာယူထားသော "လရောင်ဖြူ" အကြောင်း တွေးတောနေမိသည်။ ထို့နောက်တွင်တော့ သူအိပ်ယာဝင်ရန် ပြင်လိုက်၏။သူ ပင်မအိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်စဉ် စိတ်ဝင်တစား စာအုပ်တစ်အုပ်ကိုကိုင်လျက်အိပ်ယာကြီးအလယ်၌ ပက်လက်လှဲနေသော ချစ်စရာအစားထိုးဇနီးသည်လေးကို တွေ့လိုက်ရသည်။
"မင်းကို ငါ့ကုတင်ပေါ် ဘယ်သူတက်အိပ်ခွင့်ပေးခဲ့လို့လဲ"
ဥက္ကဌလူကြီးမင်းမှာ ဒေါသတကြီးဖြင့် အထဲကို ၀င်လာတော့သည်။ကျောင်းချီက ခြေထောက်ကိုခါယမ်းကာ ပြောလိုက်သည်။
"ဆူညံမနေနဲ့၊ ငါဒီအခန်းကိုဖတ်တာ ပြီးခါနီးနေပြီ""မင်းက တကယ်ကို မျက်နှာပြောင်တိုက်ရဲတာပဲ"
မစ္စတာတာ့တိအောင်းက ရက်စက်စွာပြောလိုက်သည်။ သို့သော်ငြား သူ့မျက်လုံးတွေကတော့ ထိုဖြူအုနေသော ခြေဖဝါးနှစ်ဖက်ကို မသိစိတ်ကနေ အလိုလို စိုက်ကြည့်နေမိသည်။မည်သည့်ဒုက္ခကိုမှ မခံစားဖူးသော ထိုခြေချောင်းလေးများက ချောမွေ့ကာလုံးဝန်းသည်။ မသိမသာပြည့်ဖြိုးကာ ပန်းနုရောင်လေးရှိ၏။ အတော်လေးလည်း ချစ်ဖို့ကောင်းသည်။ သူ့လက်ချောင်းများဖြင့် ၎င်းတို့ကို ဆွဲဆိတ်ပစ်ရန် စိတ်တဖွားဖွားပေါ်ပေါက်လာတော့သည်။
ဒီ အရိုင်းအစိုင်း အစားထိုးလေးက သူ့ကိုသွေးဆောင်ချင်နေတာလား။ သူအရူးလုပ်ခံမှာမဟုတ်ဘူး!
YOU ARE READING
My Lover With Split Personalities [မြန်မာဘာသာပြန်]
RomanceStart Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတိုက်သည့်အရှိန်ကြောင့် ကမ္ဘာအစစ်၏ သူ့ဦးနှောက်သိမြင်နားလည်နိုင်မှုမှာ မတော်တဆမှုမတိုင်ခင်တုန်းက ဖတ်နေ...