၁၆ ။ ဟက်စကီး အချစ်

4.7K 828 167
                                    

[Unicode]

သူ့ကိုပြန်စိုက်ကြည့်နေသော ချစ်ဇနီးလေး၏ မျက်ဝန်းများကို ကြည့်ကာ ‌အနည်းငယ်ကြောက်လန့်သွားစေခဲ့မှန်း နားလည်သွားခဲ့သည်။

Omegaက တကယ်ကို နုနယ်တဲ့ သတ္တိဝါလေးပဲ။
ကျန်းချန်ဖေး စိုးရိမ်ပူပန်စွာ တွေးမိလိုက်သည်။ သူက ပုံမှန်ဆိုလျှင် အင်အားကြီး alphaများနှင့် ပေါင်းသင်းဆက်ဆံရသည်ကို နေသားကျနေပြီ။ သို့တိုင် ရုတ်တရက် ချစ်စရာ omega ဇနီးလေးရခဲ့ခြင်းက သူ့အား လက်ဝှေ့လေ့ကျင့်နေစဉ် တို့ဟူးတစ်တုံး ကိုင်ထားစေသည့်အတိုင်းပင်။ သူ ဒီလိုအရာများနှင့် မည်သို့ဆက်ဆွပြောဆိုသင့်သလဲ တကယ်မသိပေ။

ဒရိုက်ဘာခုံတွင် ပြန်ထိုင်ရင်း Fleur De Liane ၏ ချိုမြသောရနံ့က သူ့နှာဖျားဝဆီ လွင့်ပျံ့လာပြီး သူ့အား အတော်လေး မရိုးမရွဖြစ်စေကာ ကားရှေ့ခန်းခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် ကောင်လေးဆီ တစ်ချက်ခိုးလှမ်းကြည့်မိသည်။ သူ့ဖြူစွတ်နေသော အသားအရည်က နွှာထားသောကြက်ဥလေးတစ်လုံးအတိုင်းပင်။ အရသာက သေချာပေါက်ကို အင်မတန် ကောင်းမွန်လိမ့်မည်! ထို သွယ်လျလျကိုယ်လုံးလေးက သူ့ထက် အနည်းငယ်သာအရပ်နိမ့်ကာ ရင်ခွင်ထဲတွင် ဖက်ထားရလျှင် အတော်လေး သက်တောင့်သက်သာရှိလွန်းမည်။


Omega များသည် တန်ဖိုးကြီးသော်ငြား သူတို့အစာအိမ်မှာ အားနည်းလှသည်။ ရှင်သန်နှုန်းကလည်း ပန်ဒါတစ်ကောင်နှင့် ယှဉ်၍ရ၏။ သူ့ရှေ့မှ တစ်ယောက်ကတော့ အကောင်းဆုံး omega ဖြစ်သည်မှာ သေချာပေါက်ပင်။ ဆံနွယ်တစ်‌နွယ်ဆီတိုင်းက ညှို့ဓာတ်အပြည့်ဖြစ်ပြီး အင်ပါယာအရာရှိ့ဖြစ်သည့် သူသာလျှင် လက်တွဲရန် အရည်အချင်း ပြည့်မှီသည်။


ချစ်ဇနီးလေးက သူ့ကိုသံသယမျက်ဝန်းများဖြင့် စိုက်ကြည့်နေပုံမှာ အင်မတန် စိတ်လှုပ်ရှားနေပုံပင်။ အရာရှိတိအောင်းကျန်းမှာ သူ့ သတိကြီးမှုကို ဖြေလျော့စေရန် တစ်ခုခုလုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

အနက်ရောင် Maybach ကားက လမ်းတစ်လျှောက် ဖြောင့်ဖြူးစွာမောင်းလာပြီး အချိုပွဲမုန့်ဆိုင်တွင် ဖြည်းဖြည်းချင်း ရပ်လိုက်သည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now