[Unicode]
"ဒေါက်တာ၊ ခုနလေးတင်က ကားတိုက်မှုထဲ ဒဏ်ရာရသွားသူတွေကြား ကျန်းတာ့တျောင်း(၁)...အဟွတ်...ကျန်းချန်ဖေးလို့ ခေါ်တဲ့သူများရှိလားဗျ၊"
ကျောင်းချီတစ်ယောက် မရပ်မနား ဆေးရုံအလယ်ဆီ ပြေးလာရ၍ ချွေးမနည်း ထွက်နေသည်။ သူ့လက်ထဲက ကုတ်မှာ ပုံပျက်အောင်ချေမွခံထားရသော်ငြား သူလုံးဝသတိမထားမိပေ။
"...အရေးပေါ်အခန်းထဲမှာပါ၊ မင်းက မိသားစုဝင်လား၊ စရံငွေအရင်ဆုံးပေးချေပေးပါ"
တာဝန်ကျနေသည့် ဆရာဝန်ကမှတ်တမ်းစာရွက်ကိုစစ်နေရင်း ပြန်ဖြေသည်။"ဥက္ကဌကျောင်း!"
ဧည့်ကြိုခုံက လူ ကျယ်လောင်စွာဟောက်နေတာကို အခွင့်ကောင်းယူပြီး အတွင်းရေးမှူးယွီယွမ်မှာ အသက်ကိုမနည်းရှူကာ ဥက္ကဌအားလှမ်းခေါ်လိုက်သည်။ သူ့ဝဖိုင့်ဖိုင့်ကိုယ်လုံးက ကျောင်းချီနောက်ပြေးလိုက်ဖို့ ခြေသုံးလှမ်းလှမ်းပြီးတိုင်း ဒယိမ်းဒယိုင်ဖြစ်နေလေ၏။သူက အစတုန်းက ညစာပါတီဆီ ဥက္ကဌနောက်လိုက်ခဲ့တာဖြစ်သည်။ ဒါပေမဲ့ သူ ဖောက်သည်နှင့် လက်ဆွဲနှုတ်ဆက်ပြီးပြီးချင်း ဆေးရုံကနေ ကျောင်းချီ၏ တရားဝင်ခင်ပွန်း ကျန်းချန်ဖေးက ကားတိုက်မှုဖြစ်ကြောင်း ဖုန်းဝင်လာလေသည်။
သူ ကျောင်းချီနောက် ၃နှစ်တိတိလိုက်ခဲ့တာဖြစ်သည်။ ဒါပထမဆုံးယွီယွမ်အနေနှင့် သူ့သူဌေးမျက်နှာခရမ်းရောင်သမ်းနေပြီး သွေးပျက်တာကို မြင်ရခြင်းပင်။ အလုပ်ကိုလျစ်လျူရှုကာ သူက ကုတ်ကိုဆွဲယူပြီးလျင်မြန်စွာထွက်သွားခဲ့လေသည်။
သူလည်း ရွေးစရာမရှိတော့ဘဲ ဖောက်သည်အားတောင်းပန်လိုက်ရသည်။ သူ့၁၈၀ပေါင်ကိုသယ်ပြီး သူဌေးနောက်အမှီပြေးလိုက်ခဲ့ရသည်။ တစ်နာရီကို ၁၈၀မိုင်အမြန်နှုန်းနှင့် သူက ဆေးရုံဆီတစ်လျှောက်လုံးမောင်းလာခဲ့သည်။
ကျောင်းချီမှာ ကဒ်အား အတွင်းရေးမှူးဆီပစ်ပေးပြီး လှည့်ထွက်လာကာ အရေးပေါ်အခန်းဆီလျှောက်လာခဲ့သည်။
သူ့ဝဖိုင့်ဖိုင့်ကိုယ်လုံးနဲ့ ယွီယွမ်မှာ အသက်ခပ်ပြင်းပြင်းရှူပြီးတာဝန်ကျနေသည့်ဆရာဝန်ဆီလျှောက်လာကာ ပါးချိုင့်၂ဖက်ပေါ်အောင်ပြုံးပြလိုက်သည်။
"ကျွန်တော်ဘယ်မှာ ပိုက်ဆံချေပေးလို့ရလဲ"
VOCÊ ESTÁ LENDO
My Lover With Split Personalities [မြန်မာဘာသာပြန်]
RomanceStart Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတိုက်သည့်အရှိန်ကြောင့် ကမ္ဘာအစစ်၏ သူ့ဦးနှောက်သိမြင်နားလည်နိုင်မှုမှာ မတော်တဆမှုမတိုင်ခင်တုန်းက ဖတ်နေ...