၅ ။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)

5.6K 1.2K 119
                                    

[Zawgyi]

ချက်လက်မှတ်ငြင်းခံလိုက်ရသည့် ဥက္ကဌမှာ အနည်းငယ်စိတ်တိုသွားတော့သည်။ သူက ဇနီးလေးကို ကားအရှေ့ခုံထဲ ထိုးထည့်ကာ ကုမ္ပဏီဆီသို့ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်စဉ်းစားမိနေသည်က ဒီနေ့ သူ့ကိုသင်ခန်းစာကောင်းကောင်းပေးရန်ပင်။

နှစ်ယောက်လုံး ဥက္ကဌသီးသန့်ဓာတ်လှေကားထဲ ခြေချရုံရှိသေး ကျောင်းချီမှာ သူ့လောင်ကုန်း၏တိုက်ခိုက်ခြင်းခံရတော့သည်။ သူက ကျောင်းချီကို ဓာတ်လှေကားနံရံဆီ တွန်းလိုက်ကာ နှုတ်ခမ်းများကို အသည်းအသန်ဖိကပ်လာသည်။

"ကျန်းတာ့တျောင်း!" ကျောင်းချီက သူ့ကိုတွန်းထုတ်ဖို့ရာ ကြိုးစားသော်ငြား တစ်ဖက်လူကတော့ ဇွဲကောင်းကောင်းဖြင့်ဆက်နမ်းနေ၏။ ထို့အပြင် ထိုလူက ကောက်ကျစ်စွာဖြင့် ခါးကိုပါပွတ်နေသေးသည်။ သူ့နံရိုးနှင့်ခါးကြားမှ နေရာမှာ ယားကျိလာပြီး ခန္ဓာကိုယ်မှာ တုန်ရီမိသွားသည်။

"မလှုပ်နဲ့၊ ဒီမှာကင်မရာရှိတယ်"
သူ့နှုတ်ခမ်းများက်ု ချစ်ဇနီးလေး၏ နူးညံ့သောနှုတ်ခမ်းများနှင့် ပွတ်သပ်ကာ မိမိကိုယ်ကို အားရကျေနပ်နေသည့် ဥက္ကဌမှာ ခြိမ်းခြောက်သည့်ဟန် သတိပေးလိုက်သည်။

ကျန်းချန်ဖေးက ကျောင်းချီထက်အရပ်ရှည်ကာ ကိုယ်လုံးကိုယ်ပေါက်လည်းပိုထွားသည်။ ရုရှားမက်ထရိုရှကာ[၁]အရုပ်ကဲ့သို့ ခင်ပွန်းသည်မှာသူ့ဇနီးလေးအား ရင်ခွင်ထဲတွင် လုံခြုံစွာ ထည့်သွင်းထားနိုင်သည်။

ဇနီးလေး၏ ကိုယ်ခန္ဓာမှာ သူ့ထွေးပွေ့မှုအောက် တုန်ရီစပြုလာခဲ့သည်။ ထိုသို့တုံ့ပြန်မှုနှင့်အတူ ဥက္ကဌမှာ သူ့အနိုင်ကျင့်မှူတွင် ပိုပြီးဘဝမြင့်လာကာ ခပ်ရှရှလေသံဖြင့်ဆိုလိုက်သည်။

"ပြောကြည့်၊ တကယ်လို့သာ ငါမင်းကို ဒီမှာလုပ်ပြီး ဓာတ်လှေကားက ပွင့်သွားတယ်ဆိုရင် အတွင်းရေးမှူးတွေ ဘယ်လိုတုံ့ပြန်မယ်ထင်လဲ"

ဒီမြင်ကွင်းကို မြင်ယောင်ကြည့်ပြီး ကျောင်းချီစိတ်လှုပ်ရှားကာ မျက်နှာရဲသွား၏။ ဖုံးကွယ်ရန် သူက ချောင်းဟန့်ပြီးနောက် မေးလိုက်သည်။
"ဒါက မြန်နှုန်းမြင့် ဓာတ်လှေကားနော်၊ သုံးစက္ကန့်အတွင်း ခင်ဗျားဘောင်းဘီ ဆွဲချနိုင်မယ်ဆိုတာ သေချာရဲ့လား"

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now