၂၀ ။ ဟတ်စကီး အချစ်

3.1K 665 41
                                    

【မင်းတို့ အိပ်မက်ထဲမှာပေါ့... မင်းတို့ အိပ်မက်ထဲမှာပေါ့... မင်းတို့အိပ်မက်ထဲမှာပေါ့...】

【ငါ့မင်းသားလေးကို တွေ့ဖို့ မင်းတို့မှာ ဘာအရည်အချင်းရှိလဲ! ဒါက ပါပါးပြောသင့်တဲ့ဟာပဲ! 】

【ဟုတ်တယ်လေ၊ ပါပါးက သူ့ယောက်ျားနဲ့ ချစ်တီတူးကြည်နူးပြပြီး ချစ်စရာကောင်းအောင်လုပ်တာ၊ အဲဒါ ဘာမှားလို့လဲ】

【၇နှစ် လက်ထပ်ခဲ့ပြီးတာတောင် ချိုမြနေတုန်းလား၊ ပိုက်ဆံက တကယ် အချစ်ကိုဝယ်နိုင်တာပဲ အား!】

【လောင်ထယ့်နှလုံးသား ရင်ထဲထိသွားပြီ!】

ဂိမ်းမျက်နှာပြင်ပေါ်တွင် ငွေရောင်စက်ရုပ်လေး၏ သဏ္ဍာန်သည် သူဌေးများ၏ ရိုဆန်ဆန်အချစ်အကြောင်း လွှမ်းမိုးသွားသော ဆွေးနွေးချက်မျိုးစုံနှင့် တစ်ယောက်တည်းရပ်ရင်း ပစ်ပယ်ခံထားရပုံပေါ်နေသည်။ နတ်ဆိုးဘုရင်သည် ကြည့်နေရင်းနှင့်တင် စိတ်ရှုပ်လာသော်လည်း သူ့မကျေမချမ်းမှုကို ပေါက်ကွဲရန် ကိုလာတစ်ငုံအပြည့်သာ သောက်ရသည်။

ထိုချိန် ကျောင်းချီခေါင်းက ငုံ့နေသေးကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်ကြည့်နေသည်။ သူ အသိစိတ်ပြန်ဝင်လာချိန် ကျန်းတာ့တျောင်းရင်ခွင်ထဲ ဖက်ခံထားရကြောင်း သိလိုက်ရသည်။ ဒီအနေအထားတွင် သူ့ခင်ပွန်းက သူ့လည်တိုင်ကို ဆက်ပြီး လျက်နေ၍ ဇနီးလေးခမျာ အားမပါဘဲအပြစ်တင်ရုံသာတတ်နိုင်သည်။
"အွန်း... ပြဿနာမရှာနဲ့"


ကျောင်းချီ ခွေးကြီးတစ်ကောင် အလျက်ခံရသလို အတိအကျခံစားနေရ၍ ဒီအပြုအမူက သူ့လည်ပင်းကို အပူရှိန်တက်လာစေပြီး ယားယံလာစေသည်။


အရာရှိလူကြီးမင်းမှာ ညှို့စားဖမ်းခံလိုက်ရသလို သူ့ရှေ့ရှိ လည်ကုတ်ဖွေးဖွေးလေးကို တစူးတစိုက် စိုက်ကြည့်နေလေ၏။ သူ တစ်ကိုက်သာကိုက်လိုက်ရရင် သူ့ချစ်ဇနီးလေးအား ပြင်းထန်သော ယာယာီအမှတ်အသားပေးနိုင်သည်။ ခပ်ပြင်းပြင်း အမှတ်အသားပေးခံထားရသည့် အိုမီဂါတစ်ယောက်သည် ယာယီဖြစ်သော်ငြား အပြီးတိုင်အမှတ်အသားပေးခံထားရသော အိုမီဂါတစ်ယောက်နှင့် အသွင်သဏ္ဍာန် ယာယီဆင်တူနေ‌မည်ဟု ပြောကြသည်။ သူသာတကယ်လုပ်လိုက်ရင် သူ့အဖိုးတန်အိုမီဂါလေးသည် ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလိမ့်မလဲ။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now