[Unicode]
သူတို့အချစ်အား ပြသနေသော ဓာတ်ပုံသည် ရက်ရက်စက်စက်ပြုပြင်ခံထားရကာ အုန်းပင်(၁)ဟုခေါ်သော အုန်းရည်တံဆိပ်နှင့်ဆင်သည့် ပုံတုံးတုံး ကပ်ရှင်များတပ်ထားကာ “ဘော့စ်နှစ်ယောက်က သိပ်ကောင်းတယ်လို့ပြော” ၊ “ပိတ်ရက်အတွက် သွားကိုသွားရမဲ့နေရာ” ဟု ရေးထားသည်။ အပြာနှင့်အဝါသုံးထားသည့် ဒီဇိုင်းကလူကို တကယ်ပင်မျက်စိကျိန်းစေ၏။
ရှီးဖေးနည်းပညာ၏တရားဝင်အကောင့်သည် ပုံမှန်အားဖြင့်လေးနက်သော အကောင့်ဖြစ်ကာ ကုမ္မဏီညွှန်ကြားချက်များကိုသာတင်ပြီး ရံဖန်ရံခါ ပရောဂျက်သတင်းများကိုသာဝေမျှတတ်၏။ နောက်ဆုံးပိုစ့်သည် “နဂါးငွေ့တန်းကျက်သရေ”၏ နေ့စဥ်ရောင်းချမှု ၁၂၀မီလီယံကျော်သွား၍ ဂုဏ်ပြုသည့် အကြောင်းဖြစ်သော်ငြား နောက်တစ်ခုက ပန်းရောင်အချစ်ဦးအကြောင်းဖြစ်နေသည်။ ပိုစ့်တင်ကာစဖြစ်သည့်တိုင် ချက်ချင်းပင် အာရုံစိုက်မှုများရသွားခဲ့သည်။
"ဟားဟားဟား ကြော်ငြာကလည်းစျေးပေါလိုက်တာ၊ ငါ့ပါးပါးရဲ့အတွင်းခံထက်တောင်စျေးပေါတယ်!"
"ပြောပါဦး၊ လီယွင်ကျင်းက ခင်ဗျားတို့ကိုကြော်ငြာခဘယ်လောက်ပေးလဲ၊ ကျွန်တော်၂ဆပေးမယ်"
"ဒီသောက်ကျိုးနည်းကြော်ညာက ဘာလဲဟ၊ Jinkela(၂)အတိုင်းပဲ"
သို့သော်ငြား လူ့မျက်စိများသည် စူးရှလှသည်။ သိပ်မကြာခင်ပင် ကျွမ်းကျင်ပညာရှင်များသည် ဒီဟန်များသည့် ဓါတ်ပုံကိုပြန်လည်ပြုပြင်လိုက်ကြသည်။ ပရော်ဖက်ရှင်နယ် ဓါတ်ပုံရိုက်ဆရာနှင့်သာမန်လူကြား ကွာဟချက်ရှိသည်ကိုဝန်ခံရမည်ပင်။ ဒီလူသုံးသွားသည့် ရှုထောင့်နှင့် အလင်းအမှောင်က ပြီးပြည့်စုံလှသည်။ သာမန်ရယ်မောခြင်းဖြစ်သည့်တိုင် အနက်ရှိုင်းဆုံးမေတ္တာအားပြသနေသည်။
"သေစမ်း သေစမ်း၊ မူရင်းဓါတ်ပုံက အရမ်းမိုက်တာပဲ၊ ပါးပါးချန်ဖေး ငါတို့ကိုပေးတဲ့ခွေးစာကြောင့် နင်ပြီးသေတော့မယ်၊ အဲ့တော့မှ သူက သခင်လေးကိုသူတစ်ယေယောက်တည်းသိမ်းထားလို့မှာလေ"
YOU ARE READING
My Lover With Split Personalities [မြန်မာဘာသာပြန်]
RomanceStart Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတိုက်သည့်အရှိန်ကြောင့် ကမ္ဘာအစစ်၏ သူ့ဦးနှောက်သိမြင်နားလည်နိုင်မှုမှာ မတော်တဆမှုမတိုင်ခင်တုန်းက ဖတ်နေ...