[Zawgyi]
ကျောင်းချီ ခပ်တိုးတိုးညည်းပြီး ခေါင်းနှင့်ခေါင်းအုံးကိုပွတ်လိုက်သည်။ သူမျက်စိဖွင့်ဖို့ရန်ပင် ပင်ပန်းလွန်းနေပြီ။ သုံးညဆက်တိုက် ချစ်တင်းနှောခြင်းက သူ့ကိုသည်းမခံနိုင်တော့အောင်လုပ်နေ၏။ သူ့လောင်ကုန်း၏ ခါးပေါ်မှီပြီး ရင်ခွင်ထဲ လှိမ့်ဝင်ကာ သမ်းဝေရင်းမေးလိုက်သည်။
"ဘာလို့ထထိုင်တာလဲ၊ ဥက္ကဌလူကြီးမင်း"ဥက္ကဌလူကြီးမင်း၏ ကျောမှာ တောင့်တင်းသွားတော့သည်။ သူ့အသံကိုသူပြန်ရှာဖို့ ခက်ခက်ခဲခဲ ကြိုးစားကာ 'ခြယ်လှယ်လွန်းသောဥက္ကဌ' ပုံစံအတိုင်း မကောင်းဆိုးဝါးဆန်ဆန်ဆွဲဆောင်မှုရှိသည့် လေသံဖြင့်ပြောရမည်။
"ကျီစယ်ဖို့ခွန်အားရှိသေးတယ်ပေါ့၊ မနေ့ညက သင်ခန်းစာက မလုံလောက်သေးဘူးထင်တယ်"
ထိုသို့ပြောပြီး သူ့လက်နှစ်ဖက်စလုံးက အလိုလို ထိုလူသားကိုခပ်တင်းတင်းဖက်လိုက်မိချိန် ရင်ထဲနေလို့ကောင်းသွားခဲ့သည်။ဟင်....။ ကျောင်းချီက ခေါင်းမော့ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။
သူက စကားပြောမည့်ဆဲဆဲ ပျို့အန်ချင်မှုနှင့်အတူ နာကျင်မှုတစ်မျိုး အစာအိမ်ထဲကနေ လှိမ့်တက်လာခဲ့ကာ အသံပါထွက်မိသွားသည်။
"ဟစ်..."
သူ အသက် ဖြည်းဖြည်းရှူကာ ကျန်းတာ့တျောင်းကို တွန်းထုတ်ပြီး အိပ်ရာထဲ ပြန်ကွေးဝင်သွားခဲ့သည်။ကျန်းချန်ဖေး ကြောက်သွားပြီး 'ခြယ်လှယ်လွန်းသောဥက္ကဌစရိုက်'ကို ချက်ချင်းပင် မေ့ပျောက်သွားလေသည်။ သူက ခုန်လာပြီး သူ့ဇနီးလေးကိုမေးလိုက်သည်။
"ဘာဖြစ်လို့လဲ၊ အစာအိမ်အောင့်နေတာလား""ဘာမှမဖြစ်ပါဘူး" ကျောင်းချီက ဖြည်းဖြည်းချင်း ထလာပြီး လက်ယမ်းပြလိုက်သည်။
သူ့အစာအိမ်မှာ အရင်တုန်းက မကောင်းခဲ့။ သူလက်ဖပ်ကာစတွင် သူ့အစာအိမ်က မကြာခဏနာကျင်ကိုက်ခဲပြီး ထိုအချိန်များတွင် နာကျင်မှုက သူ့တစ်ကိုယ်လုံးက ချွေးစေးများ ပြန်လာစေသည်။ ကျန်းချန်ဖေးမှာ သူ့ကိုပြုစုဖို့အတွက် ဟင်းချိုနှင့် ဆန်ပြုတ်မည်သို့ပြုတ်ရမလဲ လေ့လာသင်ယူခဲ့သည်။ သူ့အစာအိမ်ကအစားအသောက်နှင့်ပြည့်နေတော့မှ နောက်ပိုင်းတွင် ပြဿနာထပ်မတက်ခဲ့တော့ပေ။
YOU ARE READING
My Lover With Split Personalities [မြန်မာဘာသာပြန်]
RomanceStart Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတိုက်သည့်အရှိန်ကြောင့် ကမ္ဘာအစစ်၏ သူ့ဦးနှောက်သိမြင်နားလည်နိုင်မှုမှာ မတော်တဆမှုမတိုင်ခင်တုန်းက ဖတ်နေ...