၄၂ ။ ဂန်းစတားကိုကို

2.4K 506 48
                                    

[Unicode]

သူ ရွှေဇလုံ(ပန်းကန်လုံး) ထဲ လက်ဆေးကြောကာ ဂိုဏ်းများ၏ သွေးစွန်းနေသော မြေအောက်လောကနှင့်စီးပွားရေးကို အဆုံးသတ်ခဲ့သည်။ ထိုညတွင်မစ္စတာတိအောင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့ပါ၏။

နောက်တစ်နေ့တွင် သူ့Smart Brain မှ စာဝင်သည့်အသိပေးသံကြောင့် ကျန်းချန်ဖေး နိုးလာခဲ့သည်။

【လောင်ကောင်း:ငါ-ိုးပဲ၊ မင်းဘာလို့ မနေ့က ငါ့ဆီမလာရတာလဲ၊ မင်း ငါ့ရဲ့ သင်တန်းဆရာမအလှလေးရှေ့ မျက်နှာ‌ပျက်အောင်ညလုပ်တယ်ပေါ့!】

ကျန်းချန်ဖေး တဆစ်ဆစ်နာကျင်နေသည့် ခေါင်းကိုဖိပွတ်ရင်း စာပြန်လိုက်သည်။
【ငါသွားရင် မင်းရဲ့ သင်တန်းဆရာမအလှလေးက မင်းကို လုံးဝမေ့သွားမှာပေါ့】

【လောင်ကောင်း : ဒိုးလိုက်တော့!】

Smart Brain အား ပိတ်ကာ ကျန်းချန်‌ဖေး သမ်းဝေပြီး ဟိုဟိုဒီဒီကြည့်လိုက်သည်။ သူ့ချစ်ဇနီးလေးက ရင်ခွင်ထဲတွင် ချိုမြစွာ အိပ်စက်နေဆဲဖြစ်ကာ golden retriever လေးက လေထဲခြေ‌တွေလက်တွေထောင်လျက် ဆိုဖာပေါ်လဲလျောင်းနေ၏။ မနက်စောစော မနက်ခင်း နေရောင်ခြည်သည် အရောင်ဖျော့ဖျော့ လိုက်ကာများကိုဖြတ်သန်းကာ ‌တောက်ပလျက်ရှိသည်။ အရာအားလုံးသည် ငြိမ်းချမ်းတိတ်ဆိတ်နေခဲ့လိမ့်မည်... တကယ်၍ mini ကျည်ကာဖောက်ထွင်း ရေသေနတ်သာ အိပ်ရာပေါ်တွင် မရှိခဲ့လျှင်ပေါ့။

အာရှ-ပစိဖိတ်ဒေသက ဂန်းစတားဘော့စ်...

အစိမ်းနဲ့အနီဂိုဏ်းလေ၊ ငါ့ကောင်လေးတွေက နေရာတိုင်းမှာရှိတယ်...

ငါမင်းရဲ့ BBQ ဆိုင်ကို ဖျက်ဆီးပစ်မယ်...

ငါကလေးဘဝတုန်းက ဟက်စကီးဖြစ်ခဲ့တာလေ...

ကျောင်းချီ မျက်စိဖွင့်ကြည့်လိုက်တော့ သူ့လောင်ကုန်း ဝမ်းနည်းဒေါသထွက်နေသည့်ပုံဖြင့် ငွေရောင်ရေသေနတ်အားကိုင်ထားသည်ကို မြင်လိုက်ရသည်။

"ခင်ဗျား ဘာလုပ်နေတာလဲ"

"ကိုယ် ကိုယ့်ကိုယ်ကိုယ် ပစ်တော့မို့" လူများအားတွေ့ရန် ရှက်လွန်း၍ ကျန်းချန်ဖေး မောင်းခလုတ်ကို ဆွဲလိုက်သည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now