Part 2

6.1K 647 29
                                    

တည်ငြိမ်နေသည့် ကန်​‌ရေပြင်ကို ခဲလုံးလေးတစ်လုံးပြစ်ချသည့်အတိုင်း ၊ တိတ်ဆိတ်နေသည့် ကော်ဖီဆိုင်လေးထဲ အမျိုးသားတစ်ယောက် ဝင်လာသည်ကိုတွေ့တော့ အနည်းငယ် လှုပ်ရှားသွားကြသည်။
ထိုအမျိုးသားက တခြားသူမဟုတ် ယခုတလော စီးပွားရေးလောကမှာ နာမည်ကြီးနေသည့် ဝမ်ရိပေါ် ပင်။

ကော်ဖီဆိုင်ထဲ ထိုင်နေသည့် လူအချို့လှုပ်ရှားသွားရသည့် အကြောင်းရင်းက နာမည်သိပ်မရှိသည့် ကော်ဖီဆိုင်ကို အဘယ်ကြောင့်နှင့်များ စီးပွားရေးထိပ်တန်းမှာ ရပ်တည်နေသည့် ဝမ်ရိပေါ်က လာရသနည်း။
လူအများသိချင်နေကြသည့် အကြောင်းရင်းကို မှန်ပြတင်းပေါက်ဘေးမှာ ထိုင်နေသည့် ကောင်မလေးဆီ သွားနေသည့် ရိပေါ်ခြေလှမ်းတွေက အဖြေ​ပေးနေသည်။

အေးစက်စက်လေညင်းလေးက မျက်နှာကိုနူးညံ့စွာဖြတ်တိုက်သွားပြီး ကောင်မလေး နှုတ်ခမ်းမှာ အပြုံးခပ်ရေးရေးပေါ်လာသည်။
အသားရောင်ဂါဝန်လက်ရှည်လေး ဝတ်ထားပြီး ဖြူဝင်းသည့်မျက်နှာလေးပေါ်မှာ အအေးဒဏ်ကြောင့် ပါးမို့မို့လေးနှစ်ဖက်က အနီရောင်ခပ်ဖျော့ဖျော့လေးသန်း နေသည်။
၆နှစ်အတွင်း များစွာပြောင်းလဲပြီး လှပလာသည့်ကောင်မလေးက တစ်ခြားသူမဟုတ်...

"ချူလင်း!"

ရိပေါ်ကိုမြင်တော့ သွားတန်းလေးတွေပေါ်သည်အထိ ရီပြလာသည့်သူမက လှလည်းလှသလို၊ ချစ်စရာလည်းကောင်းသည်။

"ရိပေါ် ထိုင်လေ..."

ပြုံးရီခြင်းမရှိသည့် မျက်နှာဖြင့်ပင်မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်သည့် ရိပေါ်ကို ချူလင်း အပြစ်မဆို။
ရိပေါ်ကို နဂိုကထက်ပိုပြီး တိတ်ဆိတ်သွားအောင် လုပ်သွားသည့် သူကိုသာ ချူလင်း စိတ်ဆိုးမိသည်။

"ဒီကို ဘယ်တုန်းကရောက်တာလဲ"

"အင်း မနေ့တုန်းကပဲ နင့်ကိုပြောစရာရှိလို့ ငါလာခဲ့တာ"

"ဘာပြောမလို့လဲ"

ချူလင်း ဒီစကားပြောဖို့ကို ခြေဖျားလက်ဖျားတွေ အေးစက်လာသည်ကြောင့် လေကိုခပ်ပြင်းပြင်းရှုသွင်းပြီး မှုတ်ထုတ်လိုက်သည်။

SECRET (season2) [Completed]Where stories live. Discover now