Part 18

4.6K 378 19
                                    

ဟွိုက် အိမ်ပြန်ရောက်တော့ ခါတိုင်းလိုအိမ်လေးက မှောင်မိုက်မနေ လင်းထိန်နေပြီး အနံ့သင်းသင်းလေးပါရနေသည်။
ဟွိုက်လည်း လက်ထဲက အိတ်တွေပစ်ချပြီး မီးဖိုခန်းထဲဝင်လာခဲ့သည်။
သေချာပေါက်ကို မီးဖိုခန်းမှာ အလုပ်ရှုပ်နေသည့် ထျန်း၏နောက်ကျောကိုမြင်လိုက်ရသည်။

အင်္ကျီအဝတ်အစားတွေတောင် မလဲဘဲ ဟင်းချက်နေသည့် ထျန်းကို ဟွိုက်ပြောလို့လည်းမရ။
ဒီကောင်​လေးက ဂျစ်ကန်ကန်လေး ပြောစကားဆိုစကားဘယ်တော့မှ နားမထောင်ဘူး။
ဟွိုက် သူ့ဝင်လာမှန်းမသိဘဲ အလုပ်ရှုပ်နေသည့် ထျန်း၏အနားကို သွားရပ်လိုက်သည်။

"ထျန်း!"

ထျန်း ဟင်းချက်နေတုန်း အနောက်ကနေ ခါးကိုလာကိုင်ပြီး ဖက်လိုက်သည့်လူကြောင့် လန့်သွားပေမည့် ရင်းနှီးနေသည့် ကိုယ်သင်းနံလေးရလိုက်တာကြောင့် ငြိမ်နေလိုက်သည်။
သူ့နာမည်ကို အသံတိုးတိုးလေးနှင့် နားနားကပ်လျက် ခေါ်လိုက်သည်ကြောင့် မွှေးညှင်းလေးတွေတောင် ထောင်သွားရသည်။

နာမည်ခေါယုံနှင့်တင် မပြီး လည်ပင်းကိုလည်း တတိတိနှင့်အသာကိုက်နေတာကြောင့်
ထျန်းလက်ထဲမှာ ကိုင်ထားသည့် ဓားကို ထောင်ပြလိုက်သည်။

"ဟီး ဟီး baby ကိုယ်ကစတာရယ် ရေသွားချိုးတော့မယ်နော် အချစ်ကလေး မွ"

ထျန်း၏ပါးကို လှစ်ခနဲနမ်းပြီး ဟွိုက် ထွက်ပြေးလာခဲ့သည်။
မပြေးလို့လည်းမရ ဟိုကဓားတောင်ထောင်ပြထားသည်ကို။

ထျန်းသူ့ကို နမ်းပြီးထွက်ပြေးသွားသည့်လူကြောင့် ​ခေါင်းခါလျက် ပြုံးလိုက်မိသည်။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးက ရည်းစားလည်းမဟုတ်သလို၊ ချစ်သူလည်းမဟုတ်။
ဒီအတိုင်း sex partner သက်သက်သာ။

ဟွိုက်ရော၊ သူရောက ချည်နှောင်တာကို မုန်းသည်။
အချစ်ဆိုသည့်ခံစားချက်မပါလည်း ကိစ္စမရှိ။
တစ်ယောက်အပေါ်တစ်ယောက် ခံစားမှုကောင်းအောင် လုပ်ပေးရမည့် ကိစ္စသာရှိသည်။

ဟွိုက်ရေချိုးပြီး ထွက်လာတော့ ထျန်းကကုတင်ပေါ်မှာ အင်္ကျီချွတ်ပြီး ထိုင်နေသည်။
ညစ်ကျယ်ကျယ်ပြုံးပြီး ထျန်းနားသွားလိုက်တော့ ဟွိုက်ကို မျက်စောင်းထိုးပြသည်က အူယားစရာ။

SECRET (season2) [Completed]Where stories live. Discover now