Part 22

4.6K 383 20
                                    

ရှောင်းကျန့် မနေ့ညက မားမားအခန်းထဲမှာ အိပ်ပျော်သွားသည်။
မနေ့ညက မားမားတို့အခန်းထဲအိပ်ပျော်သွားတာဆိုတော့ ပါးပါးနှင့်မားမား ဘယ်မှာအိပ်ကြလဲမသိ။
အကြာကြီး အိပ်လို့ထင်သည် မနက်နိုးလာတော့ ရှောင်းကျန့် ခေါင်းသိပ်မကြည်ဘဲ ငြီးစီစီကြီးဖြစ်နေသည်။

"သား နိုးပြီလား"

"ဟုတ်မားမား"

"နေမကောင်းဘူးလား ကျန့်ကျန့်"

ရှောင်းကျန့် မျက်ရိုးကိုလက်နှင့်အသာနှိပ်နေတာတွေ့တော့ မားမားကမေးလာသည်။

"နည်းနည်းနုံးနေသလိုကြီး ဘယ်လိုကြီးမှန်းမသိဘူး"

"ဟုတ်လား အဲ့ဆို မားမား သံပုရာရည်နည်းနည်း ဖျော်ထားလိုက်မယ်"

"ဟုတ် မားမား အဲ့ဆို သားရေသွားချိုးလိုက်အုန်းမယ်"

"အေးအေး"

ရှောင်းကျန့် သူ့အခန်းထဲဝင်လာပြီး တဘတ်ယူလျက် ရေချိုးခန်းထဲဝင်သွားလိုက်သည်။
ရေနွေးမစပ်တော့ဘဲ ရေအေးအေးနှင့် ခေါင်းပါတစ်ခါထဲ လျှော်လိုက်တော့ လန်းသွားသလိုခံစားရသည်။
ရာသီဥတုကလည်း အေးသေးတော့ ရှောင်းကျန့် ရေမြန်မြန်ချိုးပြီးတာနှင့် အင်္ကျီအဝတ်အစားလဲပြီး အပြင်သို့ထွက်လာခဲ့သည်။

ယနေ့ မားမား၏ မနက်စာက ထမင်းနှင့်ကြက်သားချဥ်စပ်ဟင်း။
ကြက်သားချဥ်စပ်ကလည်း ရှောင်းကျန့်အကြိုက်ဖြစ်တာမလို့ ရှောင်းကျန့် ထမင်းကိုသံပုရာရည်သောက်စာလောက်သာ ချန်ပြီး အများကြီးစားလိုက်သည်။
ထမင်းစားပြီးသည်နှင့် မားမားဖျော်ပေးထားသည့် သံပုရာရည်ကိုသောက်ပြီး မားမားနှင့်ပါးပါးကိုနှုတ်ဆက်ကာ ထွက်လာခဲ့သည်။

မနက်စာအများကြီးစားခဲ့တော့ တင်းနေသည့် ဗိုက်က ကားဂိတ်ကိုသွားသည့် အကွာအဝေးကြောင့် အနည်းငယ်ချောင်သွားသည်။
ရှောင်းကျန့် ရေအေးအေးလေးနှင့် ချိုးခဲ့တာရယ်၊ သံပုရာရည်လေးလည်း သောက်ခဲ့တာရယ်ကြောင့် အိပ်ယာထလာတုန်းကလို ငြီးစီစီဖြစ်မနေတော့။

Busကားပေါ်မှာ ထိုင်နေရင်း အပြင်ဘက်ကိုကြည့်လျက် ပျင်းလာတာကြောင့် ဖုန်းထုတ်ပြီး သီချင်းလေးနားထောင်မလို့ရှိသေး ထျန်းက စာတစ်စောင် ပို့လာတာကြောင့် ရှောင်းကျန့်ထူးဆန်းသွားရသည်။
ထျန်းဆိုသည်မှာ သူဟိုတစ်ခါငြင်းလိုက်ပြီးကတည်းက စကားမပြောတောသည်မှာ အတော်ကိုကြာပြီ။

SECRET (season2) [Completed]Where stories live. Discover now