Part 7

5K 447 4
                                    

"ဒါ...Company နော်"

အံကြိတ်သံကြီးနှင့် ပြောလာသည့် ရိပေါ်ကြောင့် ရှောင်းကျန့် ကြက်သီးထသွားသည်။
ထျန်းကတော့ သိရဲ့လားတောင်မသိ သူ့ကိုဖက်ထားတာကို ယခုထိ မလွှတ်ပေးသေး။
ရဲလုပ်တုန်းက ရှိသမျှ အားတွေငှက်ကလေး တစ်ကောင်လို ပျံသန်းသွားပြီလား မသိ ထျန်းကိုတွန်းထုတ်တာတောင် တွန်းထုတ်လို့မရ။
ဒါမှမဟုတ် ထျန်းကပဲ အားကြီးနေလို့လား။

"ထျန်း...ငါ့ကိုလွှတ်စမ်း"

"မလွှတ်ဘူး..."

ရိပေါ် သူ့ရှေ့ကမြင်ကွင်းကို ဘယ်လိုမှ ဆက်မကြည့်နိုင်။
ထို့ကြောင့် ရှောင်းကျန့်ကို အသားကုန်ဖက်ထားသည့် လူကို အင်္ကျီဂုတ်ကနေ ကိုင်ပြီး စောင့်ဆွဲလိုက်သည်။

"မင်းကို ငါပြောနေတာမကြားဘူးလား"

"ဘာလဲ ဘာတွေလာရောင်းနေတာလဲ...ဒီမှာအလွမ်းပြေလို့မပြီးသေးဘူးလေ"

သူ့ကို မျက်စောင်းထိုးလျက် လာရန်ထောင်နေသည့်သူကြောင့် ရိပေါ်ဒေါသက ငယ်ထိပ်ထိတက်လာသည်။
ဘယ်သူ့အားကိုးနှင့်အများ ငါ့ကိုရန်တွေ့နေရတာလဲ ဒီကောင်က။
ပြောသေးသည်ဘာတဲ့ အလွမ်းသည်လို့မပြီးသေးဘူးတဲ့လား ဟက်။
ရှောင်းကျန့်နှင့်ဒီကောင်က သာမန်ဆက်ဆံရေးမဟုတ်ဘူးလား။

"ငါဘယ်သူလဲဆိုတာ မင်းသိလား"

"မသိဘူး... သိလည်းမသိချင်ဘူး"

ရှောင်းကျန့် ထျန်းစကားကြောင့် ခေါင်းကြိမ်းသွားရသည်။
ဘယ်သူ့ကိုများ သွားပြီးပြောနေတာလည်း ထျန်း။

"ထျန်း သူကဒီကုမ္ပဏီရဲ့ ဥက္ကဌဝမ်ရိပေါ်"

"ဟမ်..."

ရှောင်းကျန့် ပြောတော့မှ မျက်လုံးပြူးသားနှင့် ထျန်းက ချက်ချင်း ဦးညွှတ်ပြီး ရိပေါ်ကိုတောင်းပန်သည်။

"တောင်း...တောင်းပန်ပါတယ်ဥက္ကဌ  ကျွန်တော်မသိလို့ပါ"

"မင်းဆင်ဆင်ခြင်ခြင်နေ...ငါသိပ်မပြောချင်ဘူး။ ရှောင်းကျန့် အခုချက်ချင်း ငါ့နောက်ကလိုက်ခဲ့"

"ဟုတ်ကဲ့ boss"

ရှောင်းကျန့်လည်း ထျန်းကို ကိုယ့်နေရာကိုယ်ထိုင်ပြီး အလုပ်လုပ်ဖို့ပြောပြီးတာနှင့် ရိပေါ်နောက်က လိုက်သွားသည်။
ရိပေါ် လမ်းလျှောက်တာ အရမ်းမြန်တာ​ကြောင့်
ရှောင်းကျန့် ဝတ်ထားသည့် အနွေးထည်အထပ်ထပ်နှင့် ရိပေါ်နောက်ကနေ လုံးတုံးလုံးတုံးနှင့် ပြေးလိုက်နေရသည်။

SECRET (season2) [Completed]Where stories live. Discover now