Part 14

4.5K 401 21
                                    

ရှောင်းကျန့် ဒီနေ့က အတွင်းရေးမှူးအဖြစ် စပြီးအလုပ်ဆင်းရမည့်နေ့မလို့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဝတ်မည့်အင်္ကျီကို သေချာရွေးနေသည်။
ဘယ်လောက်ရွေးရွေး ရှောင်းကျန့် စိတ်တိုင်းမကျဘဲ ဖြစ်နေသည် အချိန်ကြည့်တော့ ရုံးသွားရမည့် အချိန်ရောက်တော့မှာမလို့  ရှောင်းကျန့် အနောက်တိုင်းsuit နက်ပြာရောင်လေးနှင့် necktie ခဲရောင်အစင်းလေးနှင့် ဟာကို ရွေးချယ်ပြီး ဝတ်လိုက်သည်။

အင်္ကျီသေချာဝတ်ပြီး မှန်ထဲပြန်ကြည့်တော့ လုံးဝကိုခန့်ချောကြီး ဖြစ်နေတာကြောင့် ရှောင်းကျန့် သဘောကျသွားရသည်။
ခါတိုင်းလို အနွေးထည်ထပ်ထပ်မဝတ်တော့ဘဲ ဒူးထောက်ထိရှည်သည့် မီးခိုးရောင် ကုတ်အင်္ကျီဝတ်ပြီး အခန်းထဲက ထွက်လာခဲ့သည်။
နောက်ကျမှာဆိုးလို့ ရှောင်းကျန့် မားနှင့်ပါးကို နှုတ်ဆက်ပြီး ထွက်လာခဲ့တော့သည်။

ရှောင်းကျန့် companyကိုရောက်တော့ ဒီနေ့မှထူးထူးဆန်းဆန်း အားလုံးက သူ့ကိုလာနှုတ်ဆက်နေတာကြောင့် ရှောင်းကျန့်ခေါင်းငြိမ့်ပြီး ပြန်နှုတ်ဆက်ရသည်မှာ ဇက်တွေတောင်ညောင်းလာသည်အထိ။
ထို့ကြောင့် ရှောင်းကျန့် မြန်မြန်လမ်းလျှောက်ပြီး အတွင်းရေးမှူးဟွိုက်ဆီသို့သာ သွားလိုက်သည်။

အတွင်းရေးမှူးဟွိုက်၏ ရုံးခန်းရှေ့ရောက်တော့ ရှောင်းကျန့် တံခါးခေါက်လိုက်သည်။
တော်တော်ကြာသည့်အထိ အထဲက တုန့်ပြန်သံမကြားရတာကြောင့် မ​ရောက်သေးတာလားဆိုပြီး အရှေ့မှာထိုင်စောင့်မလို့ ရှိသေး အထဲကနေ ဝင်ခဲ့ဆိုသည့် အသံကြားတာကြောင့် ရှောင်းကျန့် ဝင်သွားလိုက်သည်။

ရုံးခန်းထဲရောက်တော့ အတွင်းရေးမှူးဟွိုက်အပြင် နောက်ထပ်တွေ့လိုက်ရသည့်လူက ထျန်း ဖြစ်နေတာကြောင့် ရှောင်းကျန့် နည်းနည်းအနေရခက်သွားသည်။
ထျန်းနှင့် သူမျက်နှာချင်းမဆိုင်ဖြစ်သည်မှာ ဟိုတစ်ခါသူ့ကို ​ဖွင့်ပြောပြီးကတည်းကပင်။
ရှောင်နေတာလို့တော့ မဟုတ်ပေမည့် ဟိုတစ်ခါကိစ္စဖြစ်ပြီးကတည်းက ထျန်းက သူ့ရှေ့လည်းပေါ်မလာသလို၊
သူကလည်း ထျန်းကို အားနာတာကြောင့် တွေ့ရင်တောင် မနှုတ်ဆက်ဖြစ်ကြ။

SECRET (season2) [Completed]Where stories live. Discover now