Part 12

4.6K 389 11
                                    

ရှောင်းကျန့် အစတုန်းက ပန်းကို ရိပေါ်ရုံးခန်းထဲ ကိုယ်တိုင် သွားထားမလို့ လုပ်ပေမည့်
နောက်မှ မကောင်းပါဘူးလေဆိုပြီး အတွင်းရေးမှူးရုံးခန်းထဲ ဝင်ပြီး စားပွဲခုံပေါ် တင်ထားခဲ့သည်။
ရိပေါ်အတွက် ဆိုသည့်စာလေးပါ ရေးဖို့ မမေ့ခဲ့။

ခဏလောက်ကြာတော့ ရိပေါ်သာ ရောက်လာသည် အတွင်းရေးမှူးဆိုသည့် လူက ရောက်မလာသေး။
၁၀ နာရီထိုးခါနီးလောက်မှ အတွင်းရေးမှူးဖြစ်သူရောက်လာသည်။
ရှောင်းကျန့်လည်း စိတ်မချတာကြောင့် အတွင်းရေးမှူးဟွိုက် ကို အကွယ်တစ်နေရာကနေ ချောင်းကြည့်နေတုန်း သူပေးသည့် ပန်းယူပြီး ရိပေါ် ရုံးခန်းထဲ ဝင်သွားတာကြောင့် ရှောင်းကျန့် ပျော်ရွှင်စွာ ရေရွတ်လိုက်မိသည်။

"တစ်ခုတော့ အောင်မြင်ပြီ"

ရှောင်းကျန့်လည်း လုပ်စရာတွေရှိသေးတာမလို့ ကိုယ့်ရုံးခန်း ပြန်လာပြီး အလုပ်ထိုင်လုပ်နေလိုက်သည်။
အေးအေးဆေးဆေး အလုပ်လုပ်နေတုန်း ခေါင်းထဲဝင်လာသည့် အတွေးတစ်ချို့ကြောင့် ရှောင်းကျန့် ရူးချင်စိတ်တောင် ပေါက်သွားရသည်။

"ငါဘာတွေ လျှောက်လုပ်လိုက်တာလဲ!!!"

နဖူးနဲ့စားပွဲခုံကို စောင့်ပြီး ရှောင်းကျန့် ရေရွတ်လိုက်မိသည်။
ရိပေါ်ကို ပန်းပေးတာ ရူးကြောင်ကြောင်များနိုင်သွားသလား။
မိန်းကလေးမဟုတ်ဘဲ ဘာကိစ္စပန်းသွားပေးရတာလဲ။
ငါတကယ် ရူးများသွားပြီလား။

ရူးသွားပြ​လားလို့ တွေးမိလိုက်ပေမည့် သိပ်မကြာ နောက်ထပ်လုပ်ရမယ့် Plan အသစ်ရလာတာကြောင့် ပြန်ပြီး တက်ကြွသွားသည်။
ထိုမြင်ကွင်းကို cctvကနေ ကြည့်နေသည့် ကောင်လေးကတော့ နားမလည်နိုင်အောင်ဖြစ်နေသည်။

____________________

ရှောင်းကျန့် ညနေအလုပ်ဆင်းတော့ ရိပေါ်နဲ့ မတွေ့အောင် ရုံးအမြန်ပြေးဆင်းခဲ့ပေမည့် companyရှေ့မှာ ကားကိုမှီပြီးရပ်နေသည့် ဝမ်ရိပေါ်ကြောင့် သက်ပြင်းသာချလိုက်သည်။
သူထွက်လာတာကို တွေ့တော့ ကားကိုမှီနေရာကနေ သူ့ဆီကို တည့်တည့်မတ်မတ်လျှောက်လာတာကြောင့် ရှောင်းကျန့် ဘယ်ပြေးလို့ပြေးရမှန်း မသိဘူးဖြစ်သွားသည်။

SECRET (season2) [Completed]Où les histoires vivent. Découvrez maintenant