ရှောင်းကျန့် အိမ်ကိုပြန်ရောက်တော့ ၆နာရီထိုးပြီ။
ဒီအချိန်မားမားတို့ ဇာတ်ကားကြည့်နေမှန်းသိတာကြောင့် ဧည့်ခန်းထဲကိုဝင်ခဲ့သည်။"ဟော...ဟိုမှာသားပြန်လာပြီ"
ပါးပါးက သူ့ကိုမြင်တော့ဇာတ်ကားကြည့်နေသည့် မားကိုလှမ်းပြောသည်။
မားကထိုင်နေရာကနေ ထလာပြီး ရှောင်းကျန့်နားလာကာ အနွေးထည်တွေကူချွတ်ပေးသည်။"သားနောက်ကျတယ်နော်"
"ဟုတ်တယ်မားမား အလုပ်တွေမပြတ်သေးလို့အပြီးသတ်နေတာ"
"ခဏနားပြီးရင် ထမင်းစားဖို့လာခဲ့တော့ မားမားအကုန်အဆင်သင့် ပြင်ထားမယ်"
"ဟုတ်"
ရှောင်းကျန့် မားမားရှေ့ကနေ နှေးကွေးသည့်ခြေလှမ်းတွေနှင့် အခန်းထဲဝင်လာခဲ့သည်။
သူအရမ်းပင်ပန်းနေပေမည့် မားမားနှင့်ပါးပါးကို ဘယ်တော့မှထုတ်ပြောမှမဟုတ်။
သူထုတ်မပြောရင်တောင် မားမားတို့က သူ့ပုံစံကိုကြည့်ပြီး သိမှာပါ။အရင်လိုတောက်ပမှုမရှိတော့သည့် မျက်ဝန်းတွေကမှိန်ဖျော့နေသည်။
ပြုံးပြသည့်အပြုံးတွေက အသက်ဝင်မှုမရှိ။
ခြောက်ကပ်လျက် တစ်ခုခုပျောက်ဆုံးနေသလို။
၆နှစ်လုံးလုံး ကိုယ်ကိုယ့်ကိုမုန်းတီးသည့်စိတ်နှင့် အသက်ရှင်နေသည်ဆိုတာရော သိပါ့မလား။ရှောင်းကျန့်အခန်းထဲရောက်တော့ သူ့ကုတင်ပေါ်မှာ ကျကျနနအိပ်နေသည့် Jian Guo။
အစားတွေနင်းကန်စားပြီး ဝလာသည့်ကြောင်ဝတုတ်။
အရမ်းချစ်စရာကောင်းသည့် ဒီကြောင်လေးက ရိပေါ်ပေးထားတာ။
ရိပေါ်ကို အရမ်းလွမ်းသည့်အချိန်တိုင်း Jian Guoကို ဖက်ပြီးငိုတက်သည်။
ဒီနေ့လည်း ရိပေါ်ကိုလွမ်းနေသည်မလို့ အိပ်နေသည့် Jian Guoကိုမချီပြီး စကားတွေပြောနေမိသည်။"မင်းကိုဝယ်ခဲ့တဲ့ မင်းသခင်ကလေ ငါ့ဆီကိုဘယ်တော့မှပြန်လာမလဲ မသိဘူး..."
"သူ့ကိုအရမ်းသတိရနေတယ်ဆိုရော သိပါ့မလား..."
"တကယ်လို့ ပြန်လာရင်ရော သူငါ့ကိုအရင်တုန်းကလို အရေးလုပ်ပါတော့မလား..."
YOU ARE READING
SECRET (season2) [Completed]
FanfictionWang Yibo & Xiao Zhan 💖 ငါ မင်းကိုမယုံသေးဘူး.....