Part 15

4.6K 386 16
                                    

ရှောင်းကျန့် ခါးတွေတောင့်ပြီး အရမ်းကို ညောင်းနေပြီ ရောက်ကတည်းက ထိုင်ပြီး အလုပ်လုပ်နေတာတောင် ယခုထိ အလုပ်တွေက တစ်ဝက်မကျိုးသေးဘူး။
နေ့လည် နားချိန် ရောက်ဖို့ကလည်း နာရီဝက်လောက်လိုသေးသည်။
ခါတိုင်း ကိုယ့်ရုံးခန်းထဲ ကိုယ်အလုပ်လုပ်နေလျှင် ခါးညောင်းလာသည်နှင့် ခဏနားပြီး ခါးကြောဆန့်တာတွေဘာတွေ လုပ်တော့အဆင်ပြေသည်။

ယခုဟာက အရှေ့တည့်တည့်မှာ ရိပေါ် နောက်ပြီး သူက ကိုယ့်ကို တစ်ချက်တစ်ချက် စိုက်ကြည့်နေသေးတော့ ရှောင်းကျန့်မလုပ်ရဲ။
ထို့ကြောင့် လုံးဝမထဘဲ ထိုင်နေတော့ ခါးကတောင့်ပြီး ညောင်းလာရသည်။
ပြန်များပြောလို့ရရင် ပြောချင်သေးသည် ရိပေါ်၏အတွင်းရေးမှူး မလုပ်ချင်တော့ပါဘူးလို့။

"ရှောင်းကျန့်"

"ဟုတ်ကဲ့"

ရိပေါ် ရှောင်းကျန့်ကိုခေါ်ပြီးမှ ပြောသင့်မပြောသင့် စဥ်းစားနေရသည်။
ရှောင်းကျန့် ညောင်းနေမှန်းသိတာကြောင့် နည်းနည်းပါးပါး ကိုယ်လက်လှုပ်ရှားလို့ရတယ်လို့ ​ပြောမလို့ကို
ပြောမည့်စကားပြန်စဥ်းစားမိပြီး ကိုယ်သူ့ကို ဂရုစိုက်သေးသည်ဆိုတာသိသွားမည်ဆိုးတာကြောင့် တခြားစကားပဲပြောလိုက်သည်။

"မင်းက ဒီနေ့မှအလုပ်စဆင်းမှာဆိုတော့ နောက်နေ့ငါအပြင်သွားမယ်ဆိုရင် ဘာတွေလုပ်ရမယ် ဘာတွေလိုအပ်တယ်ဆိုတာ မင်းသိမှာမဟုတ်သေးဘူး။
အဲ့ဒါ​ကြောင့် နေ့လည်နားချိန်ပြီးရင် ဟွိုက်ကို သွားမေးထားလိုက်"

"ဟုတ်ကဲ့။ ဒါပေမယ့် ဒီမှာအလုပ်တွေက ရှိသေးတော့ ကျွန်တော် ညနေရုံးဆင်းမှပဲ အတွင်းရေးမှူးဟွိုက်ဆီ ဖုန်းဆက်ပြီး မေးလိုက်ပါ့မယ်"

ရှောင်းကျန့် ဒီအလုပ်တွေသာ လက်စမသက်ဘဲ ဟွိုက်ဆီကို သွားမေးကြည့်ပါ့လား။
သူအချိန်ပို ဆင်းတောင် ပြီးမှာမဟုတ်။

"ဘာကိစ္စ ဖုန်းဆက်မှာလဲ။ နေ့လည်နားချိန်ကျော်ရင် သွားမေးလိုက်။ အလုပ်တွေက ဒီနေ့မပြီးရင် မနက်ဖြန်လုပ်လို့ရတယ်"

"ဟုတ်ကဲ့"

ရုတ်တရက် ရိပေါ်က ဒေါသထွက်သံကြီးနှင့်ပြောလာတာကြောင့် ရှောင်းကျန့်မှာ နာခံလိုက်ရသည်။
ဘာကြောင့်များ အဲ့လောက်ဒေါသကြီးသွားရတာလဲ။
သူလည်း ဘာမှမပြောမိဘဲနဲ့။
ရိပေါ်က သူ့ကိုပြောပြီးတာနှင့် လုံးဝသူ့ကိုမကြည့်တော့ဘဲ အလုပ်လုပ်နေတာကြောင့် ရှောင်းကျန့်လည်း အလိုက်သတိနှင့် ငြိမ်ငြိမ်လေးနေပြီး အလုပ်ဆက်လုပ်နေလိုက်သည်။

SECRET (season2) [Completed]Where stories live. Discover now