Part 16

4.5K 395 18
                                    

ဂျပန်အစားစာ ရောင်းသည့် ဆိုင်က companyနဲ့လည်း သိပ်မဝေးတာကြောင့် driverက ဒီဆိုင်ကိုသာ ရွေးလိုက်သည်ထင်သည်။
ကားရပ်သည်နှင့် ဝမ်သူဌေးက ကားပေါ်ကဆင်းပြီး ဆိုင်ထဲ အရင်ဝင်သွားသည်။
ရှောင်းကျန့်လည်း စိတ်ကို အတက်နိုင်ဆုံး လျှော့ချပြီး ဝမ်သူဌေး နောက်ကလိုက်လာခဲ့သည်။

ဒီဆိုင်မှာက လုပ်ငန်းရှင်တွေလည်း လာကြတာများသည်ထင်သည် သီးသန့်VIPအခန်းလေးတွေလည်း ရှိတာမလို့ vipတစ်ခန်းသာ ယူလိုက်သည်။
အခန်းလေးထဲရောက်တော့ လေက နွေးနွေးလေးဖြစ်နေသည်။
ကြမ်းပြင်မှာ ထိုင်ရတာမလို့ ကြမ်းပြင်ကဘအေးနေလားဆိုတော့လည်း အေးမနေ။
တိတ်ဆိတ်နေတာကြောင့် ကြည့်ရတာ တစ်ခန်းနှင့် တစ်ခန်း စကားပြောသံမကြားရဘူးထင်သည်။

ရှောင်းကျန့် ဝမ်သူဌေးနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး ခေါင်းငုံ့ထားလိုက်သည်။
တကယ်ကိုမျက်နှာမပြရဲပါ။
ရိပေါ်နားမှာ ထပ်မမြင်စေရပါဘူးလို့ ဂတိပေးခဲ့သည့်သူက ယခုရိပေါ်နားကို ပြန်ရောက်နေပြီမလား။

" ပေးခဲ့တဲ့ ဂတိကို မတည်လို့ မျက်နှာတောင် မပြရဲတော့ဘူးလား"

"....."

"မင်း ပါးစပ်က ထွက်ခဲ့တဲ့ စကားကို မင်းဘာလို့တည်အောင် မလုပ်နိုင်တာလဲ!!!"

"....."

ရှောင်းကျန့် ပြောစရာစကားမရှိတာကြောင့် ပြန်မဖြေဘဲ ​ခေါင်းသာငုံ့နေမိသည်။
ဒါတွေအားလုံးက သူ့အမှားတွေကြောင့်မလို့ ဝမ်သူဌေးပြောလည်း ငြိမ်ခံရမည်။

"ရိပေါ်က မင်းကြောင့် ငါတို့အနားကနေ ထွက်သွားခဲ့တာ ၆နှစ်ကျော်တယ်။
လိမ်ညာတက်တဲ့ မင်းက ရိပေါ်အနားကနေ ထွက်သွားမှာလို့ ပြောပြီး အခုကျ ရိပေါ်အနားကို ဘာကြောင့် ပြန်ရောက်လာတာလဲ"

"....."

"နဂိုကတည်းက ငြိမ်အေးပြီး ရီလိုက်ရင် ၊ ပြုံးလိုက်ရင်တောင် ချစ်စရာကောင်းတဲ့ ငါ့သားက မင်းကြောင့် သူ့အပြုံးလေးတွေ အသက်မဲ့သွားပြီ။
ဟင်းးး... ကျေးဇူးပြုပြီး ရိပေါ်နားက အဝေးဆုံးကို ထွက်သွားပေးနိုင်မလား။
ထွက်သွားဖို့ ပိုက်ဆံမရှိရင် ငါပေးမယ် ရှောင်းကျန့်။
ပိုက်ဆံဘယ်လောက်ဖြစ်ဖြစ် ပေးမှာမလို့ ထွက်သွားပေး"

SECRET (season2) [Completed]Where stories live. Discover now