Part 19

4.4K 372 26
                                    

ရှောင်းကျန့် မနေ့ညက စိတ်ဆိုးဆိုးနဲ့ အိပ်ပျော်သွားသည်မှာ ထမင်းတောင်ထမစားဖြစ်။
မနက်ရောက်မှ နိုးလာတော့ ဟာနေသည့်ဗိုက်ကြောင့် အမြန်မျက်နှာသစ်ပြီး မီးဖိုခန်းထဲသွားလိုက်သည်။
မီးဖိုချောင်ရောက်တော့ စားပွဲဝိုင်းပေါ်မှာ မနက်စာအဆင်သင့်ပြင်ထားသည်။

"ကျန့်ကျန့်လေး နိုးလာပြီလား ဒီမှာမနက်စာအတွက် မားမားက သားကြိုက်တက် အမဲသားခေါက်ဆွဲလေးလုပ်ထားတယ်နော်"

ရှောင်းကျန့် မားမားက သူ့ကိုချော့နေမှန်းသိပေမည့် စိတ်ဆိုးက မပြေသေးတာကြောင့် ထိုင်ခုံမှာ ထိုင်ပြီးတော့သာ စားပွဲပေါ်က ခေါက်ဆွဲတစ်ပန်းကန်ကို ယူပြီးစားနေသည်။
မားမားချက်သည့် ခေါက်ဆွဲက အရမ်းစားလို့ကောင်းသည်။
တစ်ပွဲထဲနှင့်မဝသေးသည့် ရှောင်းကျန့်က ထပ်ယူချင်ပေမည့် မားမားကို စိတ်ဆိုးနေတော့ ဘယ်လိုပြောရမှန်းမသိ။

"သား စားကောင်းလား မဝသေးဘူးဆို မားမားကိုပြောနော် မားမားထပ်ထည့်ပေးမယ်"

"အင်း ထပ်ထည့်ပေး"

"ကောင်းပြီ မားမားထည့်ပေးမယ်"

မားမားက သူ့ပန်းကန်ကိုယူသွားပြီး ခေါက်ဆွဲထပ်ထည့်ပေးနေသည်။
ရှောင်းကျန့်လည်း ငြိမ်ငြိမ်လေး ထိုင်စောင့်ပြီး မားမားက ပန်းကန်လာချပေးသည်နှင့် ခေါင်းငုံ့ပြီး အမြန်စားတော့သည်။

"သား မားမားကို စိတ်ဆိုးနေတာလား"

ရှောင်းကျန့် တူကိုကိုင်ထားသည့် လက်က ရပ်တန့်သွားပြီး ခဏနေမှ အလုပ်အကြီးကြီးယူပြီး ပါးစပ်ထဲထည့်လျက် ခေါင်းငြိမ့်ပြလိုက်သည်။

"မားမားကို စိတ်မဆိုးပါနဲ့တော့  မားမားက ရိပေါ်လာတုန်းလေး ရိပေါ်ပျော်အောင်လို့ ဂရုစိုက်ပေးတာပါ သားရယ်။
သားက ရိပေါ်ထက်အသက်ပိုကြီးတယ်လေ နားလည်ရမှာပေါ့"

ရှောင်းကျန့် ကိုင်ထားသည့် တူကိုချပြီး မားမားကို မော့ကြည့်လိုက်သည်။

"မားမားက ရိပေါ်ကို တစ်ဘဝလုံးဂရုစိုက်ပေးပြီးခဲ့ပြီးပြီမဟုတ်ဘူးလား ကျွန်တော့်အနားကို မားမားပြန်ရောက်လာတဲ့အချိန်က ၆နှစ်ကျော်ပဲရှိသေးတယ်မားမား"

SECRET (season2) [Completed]Where stories live. Discover now