Part 13

4.6K 390 19
                                    

ရိပေါ် ရုံးခန်းထဲမှာ အလုပ်မလုပ်ဘဲထိုင်နေသည်။
အလုပ်မလုပ်ဘူးဆိုတာထက် အလုပ်လုပ်ဖို့ကို ခွန်အားမရှိဘူးဖြစ်နေသည်။
အကြောင်းမူကား ဟိုတစ်ခါ ပန်းပေးတုန်းက တစ်ရက်ထဲပေးပြီး နောက်ရက်တွေကျ  သူ့ဆီ ပန်းလည်း ရောက်မလာသလို၊
လူကလည်း သူ့ရှေ့ကို ပေါ်မလာပေ။

သူ့ရှေ့ကို ရုတ်တရက် ရောက်လာရင်တောင် ရုပ်တည်ကြီးနှင့် နှုတ်ဆက်ပြီး ကျန်သည့်အချိန်တွေကျ သူမတွေ့အောင် ကွေ့ပတ်ရှောင်နေသည်။
ဟိုတစ်ခါ အိမ်လိုက်သွားတုန်းက ထမင်းတွေအကုန်စားပြစ်လို့များ စိတ်ဆိုးနေတာလားလို့ တွေးမိတော့လည်း မဖြစ်နိုင်ဘူးလို့ ပြန်စဥ်းစားလျက် အကြောင်းအရင်းကို ရှာလို့မရဖြစ်နေသည်။

၆နှစ်လုံးလုံး မတွေ့ဘဲ နေခဲ့တုန်းက ယခုလို နေရထိုင်ရခက်တာမျိုး မဖြစ်ခဲ့ပေမည့် ပြန်တွေ့ပြီး အရေးမလုပ်တော့မှဘဲ ရိပေါ် နေရထိုင်ရခက်နေသည်။
နောက်ပြီး သူ့ကို ပိုပြီး စိတ်ရှုပ်စေတာက လူချစ်လူခင်ပေါသည့် ရှောင်းကျန့်ကြောင့်ဖြစ်သည်။

ရှောင်းကျန့်ကို ကော...ကောနှင့် တကောထဲကောနေကြသည့် ဝန်ထမ်းတွေကြောင့် ရိပေါ် အလုပ်ဖြုတ်ပြစ်ချင်စိတ်တွေ မတရားပေါက်လာရသည်။
ရှောင်းကျန့်ဆိုသည့် ယုန်ပေါက်ကလည်း သူ့ရှေ့ရောက်ရင် ရုပ်တည်ကြီးနှင့်နေပြီး ဝန်ထမ်းတွေနှင့်ကြ ပြုံးဖြီးနေသည်။
ရိပေါ် အဲ့ဒါတွေကို မကျေနပ်တာ။

"Boss...Bossရေ ခေါ်နေတာမကြားဘူးလားလို့"

ဟွိုက် ရုံးခန်းထဲဝင်လာတာ ကြာလှပြီ သူ့ကိုမော့လည်း မကြည့်သလို ခေါ်တော့လည်း အရေးမလုပ်တာကြောင့်
ဖိုင်အထပ်လိုက်ကြီး ယူပြီးစားပွဲခုံပေါ် ပစ်ချလိုက်မှ Laptopကို ကြည့်နေရာကနေ မော့လာသည်။

"ပြော"

"နေ့လည်ကျ ရှယ်ယာရှင်တွေက နေ့လည်စာအတူတူစားဖို့ bossကို ဖိတ်ထားပါတယ်"

"အင်း သိတယ်"

"အဲ့ဒါ bossသွားမှာလား"

"မသွားဘူး"

"ဟုတ်ကဲ့ ခွင့်ပြုပါအုန်း"

ရိပေါ် စိတ်ရှုပ်နေတာကြောင့် ဘယ်မှလဲ မသွားချင်။
ခုံကြီးကိုပဲ မှီပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ စဥ်းစားနေသည်။
အလုပ်ကိစ္စတွေကိုတော့ သူ့အတွင်းရေးမှူးဟွိုက်ကိုသာ လွှဲထားလိုက်သည်။
အတွင်းရေးမှူး... အတွင်းရေမှူး ရိပေါ်အတွင်းရေးမှူးဆိုတာကို အထပ်ထပ်အခါခါရွတ်ရင်း အကြံရလိုက်သည်။

SECRET (season2) [Completed]Where stories live. Discover now