Part 23

4.6K 378 20
                                    

ရိပေါ် ဖုန်းချပြီး ရှောင်းကျန့်ကိုကြည့်တော့ ခေါင်းငုံ့ပြီး အလုပ်သာလုပ်နေသည်။
ရှောင်းကျန့် မျက်နှာမကောင်းတာ ဒါကြောင့်များလားဆိုပြီး ရိပေါ်တွေးမိတော့ နှလုံးသားတစ်ခုလုံး တင်းကြပ်လာသည်။
ရှင်းပြချင်ပေမည့် ယခုသူတို့နှစ်ယောက်၏ဆက်ဆံရေးက ဘာမှန်းတောင် သေချာမသိသည့်အခြေအနေ။

ယခုတစ်ခါ ကိစ္စမှာရော ရှောင်းကျန့်က သူ့ကိုမမေးမမြန်းဘဲ ထားသွားအုန်းမှာလားဆိုတာ ရိပေါ် သိချင်မိသည်။
ထို့ကြောင့် ရှောင်းကျန့်ကို ယခုလောလောဆယ် မရှင်းပြသေးဘဲနေဖို့ ဆုံးဖြတ်လိုက်သည်။
ဖြေရှင်းရမည့် ကိစ္စလည်း ရှိသေးတော့ ရိပေါ် ဖုန်းယူပြီး ရုံးခန်းထဲက ထွက်သွားလိုက်သည်။

Company အောက်ထပ်ကို ရောက်တော့ ဟွိုက်ကိုတွေ့လိုက်သည်။
ဟွိုက်ကလည်း အလိုက်သိစွာ သူ့ကိုကားတံခါးဖွင့်ပေးသည်။
ရိပေါ်လည်း ကားပေါ်တက်ပြီး ဟွိုက်ကို မေးစရာရှိတာမေးလိုက်သည်။

"ဟွိုက် သတင်းဌာနကို သတင်းပေးတာဘယ်သူလဲ"

"Bossရဲ့အဖေပါ"

"အင်း"

ဟွိုက်လည်း ဘာမှဆက်မမေးတော့ဘဲ အလိုက်သိစွာနှင့် bossအဖေ၏ companyဆီသို့ မောင်းလိုက်သည်။
Boss ဘယ်လောက်တောင် စိတ်ရှုပ်နေလဲဆိုတာ boss၏ပုံစံကြည့်သည်နှင့်သိသည်။
ထို့ကြောင့် ဟွိုက် ကားကို နည်းနည်းအရှိန်တင်ပြီး မောင်းလိုက်သည်။

မဟုတ်လျှင် boss၏ဒေါသက ချိန်ကိုက်ဗုံးတစ်ခုလို သူ့အပေါ်ပေါက်ကွဲနိုင်သည်။
Companyရှေ့ရောက်တော့ bossက ဒေါနှင့်မောနှင့်ဆင်းသွားသည်။
ဟွိုက်လည်း bossနောက်မလိုက်သွားဘဲ ငြိမ်ငြိမ်လေး ကားပေါ်မှာသာထိုင်စောင့်နေလိုက်သည်။

ရိပေါ် ပါးပါး၏ရုံးခန်းရှေ့ရောက်တော့ တံခါးမခေါက်ဘဲ ဝင်သွားလိုက်သည်။
ပါးပါး၏အတွင်းရေးမှူးကလည်း သူဒေါသထွက်နေတာ သိလို့ထင်သည် ဘာမှမပြောရဲ။
ရိပေါ် ရုံးခန်းထဲရောက်တော့ ပါးပါးက သူလာမှာကို ကြိုသိနေသည့်အလား ဆိုဖာပေါ်မှာထိုင်စောင့်နေသည်။

သူ့ကို မေးငေါ့လျက် ထိုင်ဖို့အမူအရာပြနေတာကြောင့် ရိပေါ်လည်း ပါးပါးနှင့်မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။

SECRET (season2) [Completed]Where stories live. Discover now